Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီက PDF အ​ယောင်​ဆောင်ပြီး ပြည်သူများအား ခြိမ်း​ခြောက်စာပို့ ​ငွေ​တောင်း​​နေ

“တကယ့်စစ်မှန်တဲ့ PDF အဖွဲ့အစည်းတွေတိုင်းက ပြည်သူကို ဘယ်တော့မှ ခြိမ်းခြောက်မှ မဟုတ်ဘူးဆိုတာ သိတယ်။ဒါက PDFဆိုတဲ့ ပုံရိပ်ကို ဖျက်ဆီးချင်နေတာနဲ့ အတူတူပဲ။သွေးကွဲ အောင်လုပ်တာလို့ပဲ မြင်တယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက ပြည်သူ့ကာကွယ်​ရေးတပ်(PDF) အယောင်ဆောင်ပြီး ခြိမ်းခြောက်စာပို့ ငွေတောင်းခံမှုများပြုလုပ်လာကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၇ရက်က လက်ခံရရှိခဲ့သည့် PDF အမည်ခံအဖွဲ့၏ စာအရ မန္တလေး၊ စစ်ကိုင်း၊ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့စစ် PDF အဖွဲ့အစည်းဟု သုံးနှုန်းထားသည်။

“တကယ့်စစ်မှန်တဲ့ PDF အဖွဲ့အစည်းတွေတိုင်းက ပြည်သူကို ဘယ်တော့မှ ခြိမ်းခြောက်မှ မဟုတ်ဘူးဆိုတာ သိတယ်။ဒါက PDFဆိုတဲ့ ပုံရိပ်ကို ဖျက်ဆီးချင်နေတာနဲ့ အတူတူပဲ။သွေးကွဲ အောင်လုပ်တာလို့ပဲ မြင်တယ်”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ခြိမ်းခြောက်စာတွင် ငါးသိန်းကျပ် တခါတည်းကူညီမည်ဆိုပါက ပစ္စတို အသံတိတ်တစ်လက် အိမ်ရောက်ပို့ပေးမည်ဖြစ်ပြီး ယူမည်ဆိုပါက နှုတ်လုံစွာနေရန်လည်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အသံတိတ်တစ်လက် ငါးသိန်း ဆိုတာနဲ့တင် ဒီအဖွဲ့သည် ပြည်သူကို လိမ်စားမယ်အဖွဲ့ပဲ။ပြီးရင် PDF နဲ့ ရန်တိုက်ပေးမယ်။ဒီစစ်ခွေးတွေနဲ့ ကျွန်သဘောက် ပျူစောထီး တွေဟာ နည်းမျိုးစုံနဲ့ စစ်ကိုင်းမှာ ကလိမ်ကကျစ်နည်းတွေ သုံးနေကြတယ်။ဒါကို ပြည်သူတွေအနေနဲ့ စဥ်စားတွေးတေားပြီး နေထိုင်ကြဖို့ အကြံပြုလိုတယ်”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု မှ ဗိုလ်ပေါက်စီက ရှင်းပြသည်။

ထို့အပြင် “တောနှင်းပြောက်ကျားအဖွဲ့”ဟုလည်း ငွေတောင်းခံစာတွင် ဖော်ပြထားပြီး ကူညီမည့် အိမ်များကို မှတ်တမ်းများရေးသားထားပြီး ငြင်းဆန်မည်ဆိုပါက နေအိမ်ရှိ မိသားစုအားလုံးကို PDF အဖွဲ့အစည်းက လက်တုန့်ပြန်သွားမည်ဟု လိမ်လည်ခြိမ်းခြောက်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF)များ အားကောင်းသည့် စစ်ကိုင်းတိုင်းကို အကြမ်းဖက်စစ်ကောင်စီက လူမဆန်သည့် ရာဇဝတ်မှုများအပါအဝင် စစ်ရေးအရ ဖိနှိပ်နေ သည်မှာ လနှင့်ချီကြာမြင့်နေပြီ ဖြစ်သည်။

သို့သော် မြို့ပေါ် ရပ်ကွက်များတွင်သာ စစ်အုပ်ချုပ်ရေးယန္တရားအချို့လည်ပတ်နိုင်ပြီး ကျေးရွာအများစုသည့် PDF များ၏ စိုးမိုးနယ်မြေအဖြစ် ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook