Connect with us

Hi, what are you looking for?

News

PDFများနှင့် ထောင်တွင်းမှ ရဲဘော်များ အန္တရာယ်ကင်းစေရန် သံဃသမဂ္ဂဆရာတော်များ မေတ္တာပို့

သံဃသမဂ္ဂ ဆရာတော်များသည် နေ့စဉ်မပြတ် ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းခဲ့ကြခြင်းဖြစ်ပြီး ယနေ့ရက်ပေါင်း (၃၈၄) ရက်တိုင် ရှိခဲ့ပြီဖြစ်သည်။

မန္တလေးမြို့တွင် အစစ်အဆေး၊ ဖမ်းဆီးမှုများရှိသော်လည်း သံဃသမဂ္ဂ (မန္တလေး) ဆရာတော်များက ယနေ့ (ဖေဖော်ဝါရီ ၂၇) ညနေပိုင်း၌ ပြည်သူ့ကာကွယ်လရေးတပ်ဖွဲ့ (PDF)များနှင့် အကျဥ်းထောင်တွင်းမှ မတရားဖမ်းဆီးခံ​နေရ​သော ရဲဘော်များ အန္တရာယ်ကင်းစေရန် ပရိတ်ရွတ်မေတ္တာပို့ခဲ့သည်။

ဆရာတော်များသည် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းမှ အမြန်ဆုံးပျောက်ကင်းစေရန်၊ စစ်ကျွန်မှလွတ်​မြောက်ရန် တိုက်ပွဲဝင်နေကြသည့် ကဏ္ဍအသီးသီးမှ တော်လှန်ရေးတပ်သားများ၊​ အကျဥ်းထောင်တွင်းက ရဲ​ဘော်​များ၊ ပြည်သူ့တပ်သား PDF ရဲဘော်များနှင့် ပြည်သူများ ကျန်းမာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းပေးခဲ့သည်။

သံဃသမဂ္ဂ ဆရာတော်များသည် နေ့စဉ်မပြတ် ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းခဲ့ကြခြင်းဖြစ်ပြီး ယနေ့ရက်ပေါင်း (၃၈၄) ရက်တိုင် ရှိခဲ့ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။