သတင်း မုံရွာမြို့နယ်တွင် ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးတိုက်ခိုက်ရာ တစ်စီးသိမ်းရဟု PDFပြော စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တိုက်ခိုက်ရာ တစ်စီးသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။ ludunwayooစက်တင်ဘာ 14, 2024
သတင်း ရေဘေးကြောင့် ပိတ်မိပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF ရဲဘော်တစ်ဦး ကျဆုံး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF တပ်မတော်သား တစ်ဦး အသက်စွန့်လွှတ် ပေးလှူခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက် တင်ဘာ ၁၄)အသိပေး ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 14, 2024
သတင်း PDFနှင့် ပကဖများ ခြိမ်းခြောက်ငွေတောင်းခံပါက ပြင်းထန်စွာအရေးယူမည်ဟု NUG ကာကွယ်ရေး သတိပေး မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး ludunwayooစက်တင်ဘာ 13, 2024
သတင်း နတ်မောက်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား PDFတိုက်ခိုက် မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ludunwayooစက်တင်ဘာ 10, 2024
သတင်း KIA/PDFတိုက်ခိုက်ချေမှုန်းရန် စစ်ကောင်စီလက်အောက်ခံ BGFခေါင်းဆောင်စစ်မိန့်ထုတ်မှု မထုတ်ပြန်သင့်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိမ်းက ထုတ်ပြန်ခဲ့သည့် စစ်မိန့်မှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။ ludunwayooစက်တင်ဘာ 10, 2024
သတင်း ပခုက္ကူတွင် စစ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်ယူလာပြီး PDFထံ ထွက်ပြေးလာ မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်ယူလာပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 9, 2024
သတင်း ကြို့ပင်ကောက်တွင် စစ်တပ်နှင့် ပျူပူးပေါင်းစခန်းကို PDFများ ဝင်ရောက်တိုက်ခိုက် စစ်တပ်ဘက်မှအနည်းဆုံး ခုနစ်ဦးသေပြီး ထိခိုက်သူများလည်းရှိဟုတာဝန်ရှိသူပြော ludunwayooစက်တင်ဘာ 9, 2024
သတင်း ပခုက္ကူတွင် မိသားစုအားလာခေါ်သည့် အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးအား PDF ဖမ်းဆီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 8, 2024
သတင်း ယောဒေသ ရေမျက်နီစခန်းမှ စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ရင်း ၅ရင်းစုပေါင်းတိုက်ခိုက် YRA ပြော မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း မြင်းခြံမြို့နယ်ရှိ ပျူစောထီးဂိတ်အား PDF တိုက်ခိုက်၊ သေနတ် ၃လက်ရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်အား ဒေသတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေနတ် ၃လက် သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 4, 2024