သတင်း ရေစကြိုမြို့နယ်တွင် ခြေမြန်တပ်မ(၁၀၁) စစ်ကြောင်းအား PDF တိုက်ခိုက် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင် ပေါ်မှဆင်းလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ludunwayooစက်တင်ဘာ 4, 2024
သတင်း လိပ်သိုမြို့ရှိ ခမရ(၆၀၃)ဗဟိုကင်းစခန်းအား PDFပူးပေါင်းတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။ ludunwayooဩဂုတ် 30, 2024
သတင်း ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မွန်၊ ကရင်နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက် မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 29, 2024
သတင်း ပေါ်တာဆွဲရန်ပြင်ဆင်နေသည့်စစ်သားနှင့်ရဲများကို PDF ပစ်ခတ်တိုက်ခိုက် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ ပေါ်တာဆွဲသွားရန် ပြင်ဆင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon GBK-PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ludunwayooဩဂုတ် 29, 2024
သတင်း ရန်ကုန်တွင် စစ်ကောင်စီတပ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ရန် PDF စုဖွဲ့မှုပြင်ဆင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။ ludunwayooဩဂုတ် 28, 2024
သတင်း သပိတ်ကျင်းမြို့အား PDFများ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးစိုးမင်းသူ အား ဖမ်းဆီးရမိပြီးလက်နက်မျိုးစုံ၆၈လက်၊ဂျမ်မာ၃ လုံးသိမ်းဆည်းရရှိ ludunwayooဩဂုတ် 26, 2024
သတင်း တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းနှင့် ဂိတ်စခန်းနှစ်ခုကို PDFတိုက်ခိုက် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ludunwayooဩဂုတ် 26, 2024
သတင်း အင်းတော်ရဲစခန်းကို PDFနှင့် ပူးပေါင်းတပ်များသိမ်းပိုက်၊ အချုပ်သားအချို့ကယ်ထုတ် အင်းတော်မြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ပြီး အချုပ်သားအချို့ကယ်ထုတ်နိုင်ကာ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့က အချုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ludunwayooဩဂုတ် 25, 2024
သတင်း မြောင် ကျောက်ရစ်ရဲစခန်းသိမ်းတိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 25, 2024
သတင်း ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်း PDFများ သိမ်းပိုက် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 24, 2024