Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့် ပိတ်မိပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF ရဲဘော်တစ်ဦး ကျဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF တပ်မတော်သား တစ်ဦး အသက်စွန့်လွှတ် ပေးလှူခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက် တင်ဘာ ၁၄)အသိပေး ထုတ်ပြန်သည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF တပ်မတော်သား တစ်ဦး အသက်စွန့်လွှတ် ပေးလှူခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက် တင်ဘာ ၁၄)အသိပေး ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၃ ရက်)က ရေတာ ရှည်မြို့နယ်တွင်း ရေဘေးဒဏ်ကြောင့် ပိတ်မိနေသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း NUG/MOD ၏ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျုဟာအမှတ်(၁၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းအ မှတ် (၉၀၁)မှ ရဲဘော် Eagle အသက် စွန့် လွှတ်ပေးလှူ သွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်မှာ နေပြည်တော် PDF စစ်ကြောင်း (တပ်ရင်း-၉၀၁)သည် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေသည့် ရေတာရှည်မြို့နယ်အ တွင်းရှိ မြစ်အရှေ့ဘက်ခြမ်းမှ ကျေးရွာများတွင် ယမာန်နေ့နံနက်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေစဥ် PDF ရဲဘော်နှစ်ဦး ရေစီးနှင့် မျောပါသွားခဲ့သည်။

ထို့နောက် ရေစီးနှင့် မျောပါခဲ့သော ရဲဘော်နှစ်ဦးအနက် တစ်ဦးအား ယင်းနေ့(စက်တင်ဘာ ၁၃)နေ့လယ်ပိုင်းတွင် အသက်ရှင်လျှက်ပြန် လည်တွေ့ရှိခဲ့သော်လည်း ကျန်တစ်ဦးမှာ ကျဆုံးသွားခြင်းဖြစ်ကြောင်း တပ်ရင်း ၉၀၁ မှ တပ်ရင်းမှူး ဇင်ယော်က People’s Spring သို့ အတည်ပြုသည်။

“”စစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တောင်းမြစ်အရှေ့ကမ်း ရေတာရှည်စစ်ဂွင်မှာ ကျေးရွာတွေထဲရေနစ်မြုပ်နေတဲ့ဒေသခံပြည်သူတွေကို ကယ်ဆယ်ရင်း ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် PDF စစ်ကြောင်း တပ် ရင်း (၉၀၁)က ရဲဘော်အီးဂဲလ်၊ ရဲဘော်အငယ်ကောင်တို့ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးခဲ့တာပါခင်ဗျ”ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသက်စွန့်လွှတ်ပေးလှူသွားသော ရဲဘော် Eagle ၏ တပ်မှူး၊ တပ် သားများ၊ မိသားစုဝင်များနှင့်ထပ်တူ ဝမ်း နည်းကြေကွဲရကြောင်း ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် စစ်တောင်းမြစ်အ ရှေ့ဘက်ခြမ်းရှိ ရေဘေးသင့်ကျေးရွာများသို့ စစ်ကောင်စီက သွားရောက်ကူညီကယ်ဆယ်ခွင့် ပိတ်ပင်ကန့်သတ်ထားရာ လူမှုကူညီရေးအဖွဲ့များသွားရောက်နိုင်ခြင်းမရှိသောကြောင့် ၎င်းကျေးရွာများတွင် ဘေးသင့်ပြည်သူအ များအပြား အကူအညီများလိုအပ်နေဆဲဖြစ် သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ