Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးတိုက်ခိုက်ရာ တစ်စီးသိမ်းရဟု PDFပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တိုက်ခိုက်ရာ တစ်စီးသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။

စစ်ကောင်စီရေယာဥ်အား တိုက်ခိုက်ရန်ပြင်ဆင် နေစဥ်။ဓာတ်ပုံ-File

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တိုက်ခိုက်ရာ တစ်စီးသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်) နံနက် ၈နာရီခန့်က မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော အမြန်ရေယာဥ်တစ်စီးနှင့် ဖလက်ရေယာဥ်တစ်စီးသည် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်း၍ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစောထီးကျေးရွာသို့ ရိက္ခာနှင့်အင်အား သွားရောက်ပို့ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

မြစ်ကြောင်းတစ်နေရာအရောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ရှေ့ထွက်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ဖလက်ရေယာဥ်မှာ နံရံပေါက်ထွက်၍ စက်ပျက်သွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။

ကျန်ရစ်ခဲ့သည့် အဆိုပါရေယာဥ်အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက သိမ်းယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ကံကြီးကုန်းရွာသို့ လူအင်အား၊စားနပ်ရိက္ခာများချ၍ ပြန်လည်ဆန်တက်လာသည့် အမြန်ရေယာဥ်ကိုလည်း ဆားလင်းကြီးမြို့နယ်တနေရာတွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Chindwin Dynamite- Salingyi အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီရေယာဥ်အား တိုက်ခိုက်ရန်ပြင်ဆင် နေစဥ်။ ဓာတ်ပုံ-File

“ဖလက်တစ်စီးက ပေါက်ထွက်သွားပြီး စက်ပျက်သွားခဲ့တယ်။ သူတို့တွေဘက်ကလည်း စက်လက်နက်တွေ ဂန်းငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ကျွန်တော်တို့ မဟာမိတ်ညီနောင်အဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများ၌ ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဟု သိရသည်။

အဆိုပါစစ်ဆင်ရေးကို Chindwin Dynamite (Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊ တပ်ခွဲ(၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ Fighter Nine Force(Salingyi)၊ SRA အောင်ကြီး(Salingyi)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကံကြီးကုန်းပျူစောထီးရွာအား သြဂုတ်လကုန်ပိုင်းကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်များ အထိနာ၍ လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။