Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် မိသားစုအားလာခေါ်သည့် အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးအား PDF ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသော တပ်ကြပ်အား တွေ့ရစဥ်။ဓာတ်ပုံ-Royal Defence Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၇ ရက်)က စစ်ကောင်စီတပ်စွဲထားသည့် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီးတွင် မိသားစုကို လာခေါ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(ဆလအ ခွဲ ၉၄၉တပ်)မှ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပခုက္ကူခရိုင်အခြေစိုက် Royal Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီဘက်မှာရှိတဲ့ သူ့မိသားစုကိုလာခေါ်တာဗျ။ အဲဒါကျွန်တော်တို့က သတင်းရပြီး သွားစောင့်ဖမ်းတာ။ အရပ်သားပုံဖမ်းပြီးလာတော့ သူကလက်နက်တွေ ယူမလာခဲ့ဘူး။ဖမ်းဆီးရမိတဲ့အထဲ မိသားစုတော့ မပါဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်ကြပ်သည် လုပ်သက် (၂၆)နှစ်ရှိသူဖြစ်ပြီး အခြား အသေးစိတ်အချက်များ ဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပခုက္ကူမြို့တွင် KTV မှ ပြန်လာသည့် နေပြည်တော်အခြေစိုက် အမှတ်(၂၃) တပ်မတော် ဆေးရုံ(ကုတင်၂၅)မှ တပ်ရေးတပ်ထောက် ဗိုလ်ကြီးဇော်ဝင်းကိုဆိုသူအား Southern YSO PDF ဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်