Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်တွင် စစ်ကောင်စီတပ်ယာဥ်တန်းအား PDFတိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတန်းယာဥ်တန်းဖြတ်သန်းမည့် လမ်းပိုင်းအနီး ကြိုတင်စောင့်ဆိုင်းနေသည့် တော်လှန်ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - OPRF - PLA

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၉ ရက်)ညနေ ၆ နာရီခွဲခန့်က နတ်မောက်မြို့နယ်ရှိ ကုလားရှင်ရွာနှင့် သမှုန်းကုန်းကြီးကျေးရွာအကြားတွင် ရှေ့ပြေးဆိုင်ကယ်များအပါအဝင် ကားတစ်စီးဖြင့်လာသည့် စစ်ကောင်စီယာဥ်တန်းကို မိနစ် ၂၀ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” ကျနော်တို့က အခင်းဖြစ်တဲ့နေရာကို ရှင်းပြီးမှ ပြန်ဆုတ်ခဲ့တာဗျ။ ပြန်မခုခံဘဲ နတ်မောက်မြို့ဘက်ကို ပြန်ဆုတ်သွားတာဗျ”ဟု စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်မှုကို OPRF – PLA ၏တာဝန်ခံ ရဲဘော်ကျော်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများသည် ရွေ့လျားပုံစံဖြင့် မြို့နယ်တွင်းလှည့်လည်သွားလာ၍ လမ်းပိုင်းအချို့၌ ရပ်တန့်ကာ ခရီးသွားယာဥ်များအား စစ်ဆေးငွေညှစ်ခြင်း၊ ကျေးရွာများသို့ဝင်ရောက်ပေါ်တာဆွဲခြင်းများလုပ် ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲဘော်ကျော်ကြီးက ဆက်ပြောသည်။

ယခုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊မရှိ အတိအကျမသိရသေးဘဲ ဒေသခံများ၏ပြောဆိုမှုအရ စစ်တပ်ယာဥ်တန်းရှိရာသို့ လူနာတင်ကားတစ်စီးလာရောက်သည်ကို တွေ့ရကြောင်း စုံစမ်းသိရသည်။

အထက်ပါ စစ်ရောက်လှုပ်ရှားမှုတွင် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုနှင့်အတူ ​ငါးပြေမတပ်ဖွဲ့၊ ကြိုးကြာနီတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့၊ နတ်မောက် ပ.က.ဖ၊ မြို့သစ် ပ.က.ဖ တပ်ဖွဲ့များမှ စု​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ