သတင်း မုံရွာမြို့ ကညနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF ၉ ဖွဲ့ပူးပေါင်းတိုက်ခိုက် အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ရန်သူ့တပ်ကူများ ရောက်ရှိလာသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိကြောင်း Chindwin Attack Force ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဇွန် 27, 2023
သတင်း ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက် ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား ရွှေဘီလုံး(LPDF)တပ်ဖွဲ့နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တနင်္သာရီစစ်ကြောင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နံနက် ၄ နာရီတွင်(၄၀) မမဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇွန် 27, 2023
သတင်း မြောင်တွင် ဖခင်ဖြစ်သူ PDFအဖွဲ့ခေါင်းဆောင်အဖမ်းခံရ၍ သားဖြစ်သူနှင့် အခြားရဲဘော်နှစ်ဦးက လိုက်လံကယ်တင်ရာ လေးဦးစလုံးကျဆုံး MSPDF အဖွဲ့သည် မြောင်မြို့နယ်အတွင်း အခြေစိုက်ပြီး တော်လှန်ရေးကာလ အစပိုင်းကတည်းက စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ LuduNwayOoဇွန် 26, 2023
သတင်း ခရီးသည်တင်ယာဥ်ဖြင့်သယ်လာသည့် ဒုရဲအုပ်တစ်ဦး၏ ရဲအသုံးအဆောင်ပစ္စည်းများကို KNLA/PDF ပူးပေါင်းတပ် စစ်ဆေးတွေ့ရှိ၍ မီးရှို့ဖျက်ဆီး KNLA တပ်ရင်း(၂၇)အနေဖြင့် ယခုစစ်ဆေးမှုများ မလုပ်ဆောင်မီကတည်းက စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် ပစ္စည်း၊ လူများတင်ဆောင်လာပါက အရေးယူမည်ဖြစ်ကြောင်း ဇွန်လ ၁၀ရက်တွင် အသိပေးထားသည်။ LuduNwayOoဇွန် 26, 2023
သတင်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ၉ဦးသေဟု ထုတ်ပြန် တော်လှန်ရေးပူးပေါင်းတပ် ပြန်လည်ဆုတ်ခွာပြီး တစ်နာရီကျော် အကြာတွင် စစ်ကောင်စီတပ်မှတိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းဖြင့် နှစ်ကရင်ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ခန့်မှန်းထားသည်။ LuduNwayOoဇွန် 26, 2023
သတင်း တမူးတွင် စစ်တပ်၏ နဂါးမင်းသမီးတပ်စခန်းကို PDFများတိုက်ခိုက် ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟုတမူးမြို့ခံအချို့ကပြောသည်။ LuduNwayOoဇွန် 26, 2023
သတင်း ရေးမြို့ရှိ နှစ်ကရင်ရွာရဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ် တိုက်ခိုက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံး၊ ဒဏ်ရာရမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်အထိအခိုက်မရှိခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊တောင်ပိုင်းတိုင်း(J.O.C) က သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 25, 2023
သတင်း မကွေးတိုင်းရှိ PDFတပ်ရင်းငါးခုကို NUG လက်နက် တပ်ဆင်ပေး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာတွင် တပ်ရင်းလိုက် တပ်ဆင်နေရာမှ ယခုအခါ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်လာခြင်းဖြစ်သည်။ LuduNwayOoဇွန် 24, 2023
သတင်း ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းသေဟု PDF ပြော ဘောလခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်းကလည်း မြေပြင်စစ်ကြောင်းအပြင် ဒရုန်းများဖြင့်ပါ အသုံး ပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ ပြီးဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 24, 2023
သတင်း ဆိပ်ဖြူမြို့နယ်တွင် PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို ဇွန်လ ၂၀ရက် နံနက်တွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား၃၀ခန့်ပါ စစ်ကားကြီးတစ်စီးအား သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား တစ်နေရာ၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 23, 2023