Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းရှိ PDFတပ်ရင်းငါးခုကို NUG လက်နက် တပ်ဆင်ပေး

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာတွင် တပ်ရင်းလိုက် တပ်ဆင်နေရာမှ ယခုအခါ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်လာခြင်းဖြစ်သည်။

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)
(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင် လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက်တပ်ဆင်ရာတွင် တပ်ရင်းလိုက် တပ်ဆင်နေရာမှ ယခုအခါ တပ်ရင်း ငါးရင်းကို တပြိုင်နက်တပ်ဆင်ပေးနိုင်လာခြင်းဖြစ်သည်။

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)
(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ရက်က ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

ထိုအခမ်းအနားတွင် တာဝန်ရှိသူများက မကွေးတိုင်းရှိ PDFတပ်ရင်း ငါးရင်းကို လက်နက်များတပ် ဆင်ပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)
(မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း ငါးခုကို လက်နက်များတပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ- MOD/NUG)

“မကွေးတိုင်းထဲမှာ ခရိုင်တပ်ရင်းတွေကို NUG ဘက်က လက်နက်တပ်ဆင်မှုတွေ လုပ်ပေးနေတာကြာပါပြီ။ (တပ်)ခွဲမှုး၊ ဒုခွဲမှူးတွေ သင်တန်းတက်ရတယ်။ တပ်ဖွဲ့ဝင်တွေလည်း သင်တန်းတက်ရတယ်။ ဒီသင်တန်းတွေတတ်ပြီးရင် လက်နက်တပ်ဆင်မှုက ရှိလာတာပါ”ဟု မကွေးတိုင်းအခြေစိုက် ခရိုင်တပ်ရင်းမှူးတစ်ဦးက ပြောသည်။

တစ်နှစ်ဗျူဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ်ဆင်မှုများ ကြိုးစားဆောင်ရွက်နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။