Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းသေဟု PDF ပြော

ဘောလခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်းကလည်း မြေပြင်စစ်ကြောင်းအပြင် ဒရုန်းများဖြင့်ပါ အသုံး ပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ ပြီးဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ဖော်ပြသည်။

(ဖားဆောင်းPDF မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖားဆောင်း PDF)
(ဖားဆောင်းPDF မှ ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖားဆောင်း PDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDFမှ တာဝန်ရှိသူက ပြောသည်။

ဖားဆောင်းမြို့နယ် ကျောက်ပိန်းညိုကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီ စစ်ကြောင်းအား ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1108 နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105က ဇွန်လ ၂၀ ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်တိုက်ထုတ်ခဲ့သည်ဟု PDFက အသိပေးထုတ်ပြန်ထားသည်။

ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်းသည် ကျောက်ပိန်းညိုကျေးရွာသို့ စတင်ဝင်ရောက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီအဖွဲ့သည် သံလွင်တံတား(ဖားဆောင်း)ဖက်သို့ ဆုတ်ခွာသွားပြီး လက် နက်ကြီးများဖြင့် အလွန်အကျွံ ပြန်လည်ပစ်ခတ်ခဲ့သည်။

ထို့အတူ ဇွန်လ ၂၁ရက်တွင် သံလွင်တံတား(ဖားဆောင်း)သို့ တပ်ဆုတ်ခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းကို ထပ်မံထိုးစစ်ဆင်ခဲ့ပြီး နံနက် ၉ နာရီ ခန့်က တံတားထိပ်ရှိတောင်ယာခင်းများ၌ တပ်စွဲနေသော စစ်ကောင်စီ စစ်ကြောင်းနှင့် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ခြောက်နာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့ပြီး လေကြောင်းပစ်ကူလေးကြိမ်အထိပါဝင်ခဲ့သည်။

ဘောလခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်းကလည်း မြေပြင်စစ်ကြောင်းအပြင် ဒရုန်းများဖြင့်ပါ အသုံး ပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ ပြီးဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ဖော်ပြသည်။

“မျက်မြင်သေချာ အတည်ပြုနိုင်တာ သေဆုံးတဲ့ စစ်ကောင်စီတပ်သားက ၁၀ ဦးရှိတယ်။လေယာဥ်နဲ့ မှားကျဲ ပြီး သေတာတော့ အတည်မပြုနိုင်သေးဘူး။ဒါ ပေမယ့် သူတို့က ၂၁ရက်ကတည်းက အထိနာလို့ စစ်ကြောင်းမလှုပ်သေးဘူး။လှုပ်တာနဲ့ ကျွန်တော်တို့နဲ့ ထပ်ပြီး တိုက်ပွဲ ဖြစ်မှာပဲ”ဟု ဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သို့သော် တိုက်ပွဲတွင် ဖားဆောင်းပြည်သူ့ကာကွယ်ရေး ရဲတော်တစ်ဦးနှင့် မဟာမိတ်ရဲဘော် ငါးဦး မစိုးရိမ်ဒဏ်ရာရခဲ့သည်။

ဖားဆောင်းPDF (အမှတ်-၁၁၀၈) နှင့် ဘောလခဲPDF (အမှတ်-၁၁၀၅) တို့ပါ၀င်သော ဘောလခဲခရိုင်ပူး ပေါင်းဗျူဟာစစ်ကြောင်းနှင့်အတူ အလယ်ပိုင်းတိုင်းကယားစစ်ဒေသတပ်ရင်းများဖြစ်သည့် Loikaw PDF အမှတ်-1103၊ အမှတ်-1101၊ အမှတ်-1102၊အမှတ် -1104၊ အမှတ်-1106၊ အမှတ်- 1107 တပ်ရင်းနှင့် ERO အဖွဲ့တစ်ဖွဲ့မှပါဝင်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဒရုန်းတပ်ဖွဲ့များဖြစ်သည့် Falcon Win နှင့် ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့များပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ