Connect with us

Hi, what are you looking for?

သတင်း

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား ရွှေဘီလုံး(LPDF)တပ်ဖွဲ့နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တနင်္သာရီစစ်ကြောင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နံနက် ၄ နာရီတွင်(၄၀) မမဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ- Reuters)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ- Reuters)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၀၈)တပ်ရင်းအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား ရွှေဘီလုံး(LPDF)တပ်ဖွဲ့နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တနင်္သာရီစစ်ကြောင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နံနက် ၄ နာရီတွင်(၄၀) မမဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဖက်ကတော့ (၄၀)မမ ဗုံးသီးနဲ့ ပစ်ခတ်ပြီး ဆုတ်ခွာလာခဲ့တာပါ။ အချိန်အားဖြင့် ၁၅ မိနစ်လောက်ပါပဲ။သူတို့ဖက်က ပြန်လည်ပစ်ခတ်တာတော့ရှိပါတယ်”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဝင်းအတွင်း အင်အား ၁၀၀ ခန့်ရှိပြီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ထိခိုက်မှုရှိသော်လည်း သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်ခံရပြီးနောက် ရွာခံပြည်သူတွေရဲ့ပြောပြချက်အရတော့ စုံစမ်းမှုတွေပြုလုပ်နေတယ်လို့တော့ကြားရပါတယ်။ အသေအပျောက်စာရင်းလည်း ကျွန်တော်တို့ပြန်ကြားရပေမယ့် အတည်ပြုဖို့ခက်ခဲနေတာကြောင့် သေဆုံးစာရင်းကို မဖော်ပြတော့တာပါ”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူက ဆက်ပြောသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်း၌ PDF ပူးပေါင်းတပ်များမှ နယ်မြေစိုးမိုးရေးလမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိရာ ဇွန် ၁၇ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ ထားဝယ်ခရိုင် PDF တပ်ရင်း(၁) မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook