Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် စစ်တပ်​၏ နဂါးမင်းသမီးတပ်စခန်းကို PDFများတိုက်ခိုက်

ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟုတမူးမြို့ခံအချို့ကပြောသည်။

(တမူး PDF တပ်ရင်း -၄ မှ တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​နေကြစဥ်။ ဓါတ်ပုံ-PDF Tamu- 4)
(တမူး PDF တပ်ရင်း -၄ မှ တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​နေကြစဥ်။ ဓါတ်ပုံ-PDF Tamu- 4)

▪︎စစ်​ကောင်စီတပ်အထိနာ​နေစဥ် ကသည်းသူပုန် (Meitei UG)၊ ရှမ်းနီတပ်ဖွဲ့(SNA) နှင့် ပျူတို့စစ်ကူ​ပေး၍PDFများပြန်ဆုတ်ခဲ့

တမူးမြို့တွင်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားသော နဂါးမင်းသမီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)တပ်ရင်း (၄) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနှစ်ဦးထက်မနည်းသေဆုံးသွားကြောင်း PDF များက​ပြောသည်။

“နဂါးမင်းသမီးတပ်စခန်းက အခိုင်အမာစခန်းဗျ။ ဝင်စီးပြီး တိုက်တာ။ စစ် ​ေ- တွေ ၇ကောင်ထက်မနည်းဘူးသေတာ မှန်တယ်။ ကိုယ့်ဘက်က ကလေး(PDF ရဲဘော်)တစ်ယောက် ကျတယ်” ဟု တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နဂါးမင်းသမီးတပ်စခန်းတည်​နေရာသည် တမူးနှင့် မိုးရေးမြို့နယ်စပ်တွင် ကပ်လျှက်ရှိပြီး တမူးမြို့၊ ဈေးတန်းရပ်ကွက်အတွင်းပါဝင်​​ကြောင်းသိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ဦးထက်မနည်းတပ်စွဲထားသည်စခန်းတစ်ခုဖြစ်​ကြောင်းသိရသည်။

ထိုစခန်းကိုဇွန်လ ၂၄ရက် နံနက်၅နာရီ ၁၅မိနစ်ခန့် မှစ၍ ​ခြောက်နာရီကျာ်ကြာတမူး PDF တပ်ရင်း (၄)ကတိုက်ခိုက်ခဲ့သည်။နေ့လယ် ၁၁နာရီ ၃၀မိနစ်တွင်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စခန်းရှိ စစ်ကောင်စီတပ်အထိနာ​နေစဥ် ကသည်းသူပုန် (Meitei UG) နှင့် ရှမ်းနီတပ်ဖွဲ့(SNA) အပြင်ပျူစောထီးများ ရောက်လာပြီး စစ်ကူပေးခဲ့သောကြောင့် ကာကွယ်ရေးရဲ‌ဘော်များဆုတ်ခွာခဲ့ရခြင်းဟု PDF – Tamu တပ်ရင်း (၄)က အသိ​ပေးသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှခုနှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ သို့​သော် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’sSpring ကသီးခြားအတည်ပြုမရပါ။

နဂါးမင်းသမီးတပ်စခန်းသည် မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးတွင် တည်ရှိသည်။ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ ပန်းသာကျေးရွာမှ စစ်ကောင်စီစခန်းကိုလည်း ဇွန်လ ၁၅ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသည်။

ပန်းသာစခန်းသည် စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် ဇွန် ၁၅ ရက်တွင် နှစ်ကြိမ်၊ ဇွန်လ ၁၇ရက်တွင် နှစ်ကြိမ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟုတမူးမြို့ခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။