Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် ဖခင်ဖြစ်သူ PDFအဖွဲ့ခေါင်းဆောင်အဖမ်းခံရ၍ သားဖြစ်သူနှင့် အခြားရဲဘော်နှစ်ဦးက လိုက်လံကယ်တင်ရာ လေးဦးစလုံးကျဆုံး

MSPDF အဖွဲ့သည် မြောင်မြို့နယ်အတွင်း အခြေစိုက်ပြီး တော်လှန်ရေးကာလ အစပိုင်းကတည်းက စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

(ကျဆုံးခဲ့သော ဖခင်ဖြစ်သူ MSPDFခေါင်းဆောင်နှင့် သားဖြစ်သူအား တွေ့ရစဥ်)
(ကျဆုံးခဲ့သော ဖခင်ဖြစ်သူ MSPDFခေါင်းဆောင်နှင့် သားဖြစ်သူအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဖခင်ဖြစ်သူ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFအဖွဲ့ခေါင်းဆောင် အဖမ်းခံရ၍ လိုက်လံကယ်သည့် သားဖြစ်သူ PDFရဲဘော်နှင့် အခြားရဲဘော်နှစ်ဦးအပါအဝင် လေးဦးလုံးစလုံးကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇွန်လ ၂၆ရက်) နံနက် ၅နာရီဝန်းကျင်က ​မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် ပရိမ္မကျေးရွာသို့ဝင်ရောက်ချိန် MSPDFခေါင်းဆောင် ကိုသက်ခိုင်အား တွေ့ရှိ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)ခေါင်းဆောင် ကိုနွေဦး-မြောင်က ပြောသည်။

(ကျဆုံးခဲ့သော ဖခင်ဖြစ်သူ MSPDFခေါင်းဆောင်နှင့် သားဖြစ်သူအား တွေ့ရစဥ်)
(ကျဆုံးခဲ့သော ဖခင်ဖြစ်သူ MSPDFခေါင်းဆောင်နှင့် သားဖြစ်သူအား တွေ့ရစဥ်)

ထို့နောက် အဆိုပါ စစ်ကောင်စီတပ်အား ၎င်း၏သားဖြစ်သူအပါအဝင် ရဲဘော်များက ပြန်လည်တိုက်ခိုက်ကယ်ထုတ်ရန်ကြိုးပမ်းစဥ် သားဖြစ်သူနှင့် ရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ပြီး ဖမ်းဆီးခ့ရသော ဖခင်းဖြစ်သူမှာ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

“ကိုသက်ခိုင်ကို ရွာထဲကင်းပတ်အပြန် သူ့အိမ်ရှေ့အရောက်မှာ ဖမ်းသွားတာပါ။ သားနဲ့ရဲဘော်နှစ်ဦးက လက်နက်ကြီးကျည်ထိပြီး ဆုံးသွားပါတယ်။ နေရာယူထားချိန် လက်နက်ကြီး သုံးလုံး ပစ်ထည့်ခံလိုက်ရတာ။ အဖေကိုတော့ အရှင်ဖမ်းပြီး တောထဲမှာ သတ်သွားတာ။”ဟု ကိုနွေဦး-မြောင်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

MSPDF အဖွဲ့သည် မြောင်မြို့နယ်အတွင်း အခြေစိုက်ပြီး တော်လှန်ရေးကာလ အစပိုင်းကတည်းက စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သည် မြောင်နယ်အတွင်း မကြာခဏ ရွာစဥ်လှည့် စစ်ကြောင်းထိုးဖျက်ဆီးလေ့ရှိပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ