Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်တွင် PDF ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို

ဇွန်လ ၂၀ရက် နံနက်တွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား၃၀ခန့်ပါ စစ်ကားကြီးတစ်စီးအား သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား တစ်နေရာ၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၂ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၀ရက် နံနက်တွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား၃၀ခန့်ပါ စစ်ကားကြီးတစ်စီးအား သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား တစ်နေရာ၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်အမှတ် (၄)တပ်ရင်း – တပ်ခွဲ ၁ (Caf Spupdf)နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ဦးခန့်ရှိခဲ့သည်ဟု ထုတ်ပြန် သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD -NUG)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD -NUG)

ယင်းနေ့မနက်၌ပင် သပြေကျေးရွာနှင့်ရေကျော် ကျေးရွာအကြားသို့ စစ်ကားတစ်စီး ထပ်မံ ဝင်ရောက်လာရာ ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်မှ အလောင်းများကို လာသယ်ရန်လာသည့် စစ်ကောင်စီယာဉ်တစ် စီးကို ဇွန်လ ၂၁ရက် နံနက်ပိုင်းတွင် မိုင်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးကာ ဒဏ်ရာရသူ ၅ဦးခန့်ရှိသည်ဟု ထုတ်ပြန်သည်။

PDF စစ်ရုံးချုပ်က ထုတ်ပြန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement
Public Service Announcement

ထုတ်ပြန်ထားချက်အရ ဇွန်လ ၂၀ရက်နှင့် ၂၁ရက် နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ စစ်ကား တစ်စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား ၂၀ဦးသေဆုံးကာ ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း PDF ပူးပေါင်းတပ်မှ အထိအခိုက်မရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။