Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ၉ဦးသေဟု ထုတ်ပြန်

တော်လှန်ရေးပူးပေါင်းတပ် ပြန်လည်ဆုတ်ခွာပြီး တစ်နာရီကျော် အကြာတွင် စစ်ကောင်စီတပ်မှတိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းဖြင့် နှစ်ကရင်ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ခန့်မှန်းထားသည်။

(ယမန်နေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာမှ လက်နက်ကြီးထိမှန်ဒဏ်ရာရလူနာ သုံးဦးအား မော်လမြိုင်ဆေးရုံကြီးသို့ပို့ပေးနေစဥ်။ ဓာတ်ပုံ - လမိုင်းလူငယ်ပရဟိတအဖွဲ့)
(ယမန်နေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာမှ လက်နက်ကြီးထိမှန်ဒဏ်ရာရလူနာ သုံးဦးအား မော်လမြိုင်ဆေးရုံကြီးသို့ပို့ပေးနေစဥ်။ ဓာတ်ပုံ - လမိုင်းလူငယ်ပရဟိတအဖွဲ့)

▪️စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက် နေ့လယ် ၁၁ နာရီ ၄၀မိနစ်ခန့်တွင် ကျားဖြူစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၂၇)ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးခဲ့ပြီး တစ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ် ပြန်လည်ဆုတ်ခွာပြီး တစ်နာရီကျော် အကြာတွင် စစ်ကောင်စီတပ်မှတိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းဖြင့် နှစ်ကရင်ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်းထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရေးမြို့နယ်ဒေသခံသတင်းရင်းမြစ်က ရဲစခန်းတိုက်ခိုက်ခံရမှုကို ကြားသိရသော်လည်း ထိခိုက်သေဆုံး အခြေအနေအသေးစိတ် မသိရသေးဟု ပြောသည်။

Public Service Announcement
Public Service Announcement

“ပြောကြတာက စခန်းကို ဝင်စီးတာပေါ့လေ။ ဝင်စီးတာက စခန်းကို သိမ်းလို့ရသလား မရသလားတော့ မပြောတက်ဘူး။ သတင်းကတော့ အမျိုးမျိုးပြောကြတယ် တချို့ကသိမ်းလို့ရတယ်။ တချို့က သိမ်းလို့မရဘူးပြောနေကြတယ်”ဟု ရေးမြို့နယ်ဒေသခံက ပြောသည်။

ထို့အပြင် ယနေ့ ညနေပိုင်းတွင်လည်း ရေးမြို့နယ်၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ၎င်းက ဆိုသည်။

“ဒီညနေ မိုးမချုပ်တချုပ်ကပဲ သေနတ်သံကြားတယ်။ ဘယ်နေရာမှန်း အတိအကျတော့ မပြောနိုင်ဘူး။ နောက်ထပ် တိုက်ပွဲဖြစ်သလား သို့မဟုတ်ရင်လက်နက်ကြီးနဲ့ လှမ်းပစ်တာလား မပြောတက်ဘူး။”ဟု ရေးနယ်ဒေသခံက ပြောသည်။

ရေးမြို့နယ်တွင် ယခု ဇွန်လတတိယပတ်မှစ၍ စစ်ကောင်စီတပ် ပစ်မှတ်များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ အဆိုပါဒေသတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း (၂၇)စစ်ကြောင်းများ ရောက်ရှိနေပြီး ဒေသခံတော်လှန်ရေးအင်အားစုများ PDFများနှင့် ပူးပေါင်းပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။