နိုင်ငံတကာ ဗီတိုအာဏာ အသုံးချမှုတွေကို ကန့်သတ်ပေးရေး ကုလသမဂ္ဂကို စင်ကာပူ တောင်းဆို ဗီတိုအာဏာ တစ်ဖက်သတ် အသုံးချမှုတွေကို ထိန်းသိမ်းကွပ်ကဲပေးဖို့၊ ပိုပြီး ကွဲပြားစုံလင်တဲ့ စုဖွဲ့မှုတွေကို ကိုယ်စားပြုနိုင်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ ကုလသမဂ္ဂကို စင်ကာပူ အစိုးရက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 28, 2025
နိုင်ငံတကာ စစ်အေးခေတ် အတွေးအခေါ်တွေ ခေါင်းထောင်လာနေတာကို သတိထားဖို့ ကုလသမဂ္ဂမိန့်ခွန်းမှာ တရုတ် ဝန်ကြီးချုပ်ပြော စစ်အေးခေတ် အတွေးအခေါ် အယူဝါဒတွေ ပြန်ပြီး ခေါင်းထောင်လာနေတာကို ကမ္ဘာကြီး အနေနဲ့ သတိထားဖို့ လိုတယ်လို့ တရုတ် အစိုးရက ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားသွားပါတယ်။ ludunwayooစက်တင်ဘာ 27, 2025
နိုင်ငံတကာ လုပ်သင့်တာကို ဆက်လုပ်မယ်လို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ နေတန်ညာဟု ကြုံးဝါး နိုင်ငံတကာ ဆန့်ကျင်မှုတွေ ရှိနေရင်တောင်မှ ဂါဇာကိစ္စမှာ အစ္စရေးဟာ လုပ်သင့်တာကို ဆက်လုပ်မှာပဲလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူ့ရဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 27, 2025
နိုင်ငံတကာ ကုလသမဂ္ဂမှာ အစ္စရေး ဝန်ကြီးချုပ် မိန့်ခွန်းပြောနေချိန် သံတမန် အများအပြား ထွက်ခွာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောတဲ့အချိန် ခန်းမထဲကနေ သံတမန်တွေ၊ နိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။ ludunwayooစက်တင်ဘာ 27, 2025
နိုင်ငံတကာ နှစ် ၆၀ နီးပါးအတွင်း ကုလသမဂ္ဂမှာ ဆီးရီးယား ခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 26, 2025
နိုင်ငံတကာ ကုလသမဂ္ဂ ညီလာခံမှာ ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးမှု ၃ ကြိမ် ကြုံခဲ့တယ်လို့ ထရမ့်စွပ်စွဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် မိန့်ခွန်းပြောချိန်မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးခဲ့တဲ့ ကိစ္စ ၃ ခု ကြုံခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
နိုင်ငံတကာ သဘောထားအမြင်တွေ၊ မကျေနပ်ချက်တွေကို အိတ်သွန်ဖာမှောက် ပြောကြားသွားတဲ့ ထရမ့်ရဲ့ ကုလသမဂ္ဂ မိန့်ခွန်း သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 24, 2025
နိုင်ငံတကာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် ကုလသမဂ္ဂ ရှေ့မှောက်မှာ ပြင်သစ် တရားဝင် အသိအမှတ်ပြု ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 23, 2025
သတင်း ကုလ၌ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ထားရှိရေး အမေရိကန်ရောက်မြန်မာများ ချီတက်ဆန္ဒပြ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အနီး၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် အမေရိကန်ရောက်မြန်မာများ ချီတက် ဆန္ဒပြကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 21, 2025
သတင်း ကုလ သံတမန်စိစစ်ရေးကော်မတီမှာ ဒီမိုကရေစီ ၆ နိုင်ငံပါဝင် (၈၀)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နေ့ခင်းပိုင်း(အမေရိကန်ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့ပြီး Credentials Committee (သံတမန်စိစစ်ရေးကော်မတီ)ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ludunwayooစက်တင်ဘာ 11, 2025