Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း အချုပ်အခြာကို အသိအမှတ်ပြုတဲ့ ကုလသမဂ္ဂ အဆိုကို အမေရိကန် ထောက်ခံမဲမပေး

ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကို အသိအမှတ်ပြု ထောက်ခံဖို့ ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ အဆိုတစ်ရပ်ကို အမေရိကန်က ထောက်ခံမဲ မပေးဘဲ ကြားနေဖို့ ရွေးချယ်ခဲ့ပါတယ်။

ယူကရိန်းရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ကို အသိအမှတ်ပြု ထောက်ခံဖို့ ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ အဆိုတစ်ရပ်ကို အမေရိကန်က ထောက်ခံမဲ မပေးဘဲ ကြားနေဖို့ ရွေးချယ်ခဲ့ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို ထောက်ခံကြောင်း အဆိုတစ်ရပ်အပေါ် မဲခွဲစေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်၊ စည်းလုံးမှုနဲ့ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်တွေကို လေးစားလိုက်နာမှု ရှိသင့်တယ်ဆိုတဲ့ အဆိုကို အထွေထွေ ညီလာခံမှာ နိုင်ငံပေါင်း ၁၀၇ ခုက ထောက်ခံမဲ ပေးခဲ့ပြီး ၁၂ ခုက ကန့်ကွက်ခဲ့ပါတယ်။ ၅၁ နိုင်ငံက ကြားနေခဲ့ပြီး အဲဒီစာရင်းမှာ အမေရိကန်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဆိုထဲမှာတော့ ပဋိပက္ခကို ချက်ချင်းရပ်တန့်ပြီး ခြွင်းချက်မရှိတဲ့ အပစ်အခတ် ရပ်စဲမှုကို စတင်ဖို့၊ မျှတပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးကို ဖန်တီးဖို့လည်း တောင်းဆိုထားခဲ့ပါတ်ယ။

အစောပိုင်းတုန်းက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်တွေက အခု အဆိုထဲမှာပါတဲ့ ယူကရိန်းရဲ့ နယ်နိမိတ် ပိုင်ဆိုင်မှုနဲ့ နိုင်ငံတကာ ဥပဒေရေးရာ အကြောင်းအရာတွေကို သီးသန့် မဲပေးမှု တစ်ခုအဖြစ် ခွဲထုတ်ဖို့ တိုက်တွန်းခဲ့ပေမယ့်လည်း အထမမြောက်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်းကို ထောက်ခံအားပေးတဲ့ အဆိုတစ်ခုမှာ အမေရိကန်က ကြားနေဖို့ ရွေးချယ်ခဲ့တယ် ဆိုတာဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ကြား အကူးအပြောင်းမှာ ယူကရိန်းနဲ့ ပတ်သက်လို့ အမေရိကန် မူဝါဒတွေ ဘယ်လောက် ကြီးကြီးမားမား ကွာဟလာသလဲ ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်တန့်နိုင်အောင် ညှိနှိုင်းပေးမယ်လို့ ကြွေးကြော်ထားသလို ဘိုင်ဒန် လက်ထက်မှာ လုံးဝ ဖြတ်တောက်ထားတဲ့ ရုရှားနဲ့ ဆက်ဆံရေးကိုလည်း ပြန်လည် စတင်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယ သံအမတ်ကြီး တမ်မီဘရုစ်က အထွေထွေ ညီလာခံမှာ အပစ်အခတ် ရပ်စဲရေး တောင်းဆိုခဲ့တာကို အပြည့်အဝ ထောက်ခံကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အဆိုပြုချက်ထဲမှာ စစ်ပွဲရပ်ဆိုင်းရေး အမေရိကန်ရဲ့ ကြားဝင် အားထုတ်ပေးနေမှုတွေကို လမ်းလွဲသွားစေနိုင်တဲ့ အသုံးအနှုန်းတချို့ ရောပါနေတာကြောင့် ကြားနေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘယ်စကားလုံးတွေလဲ ဆိုတာကိုတော့ အဲဒီ အမျိုးသမီးက အတိအကျ မှတ်ချက်မပေးခဲ့ပါဘူး။

အထွေထွေ ညီလာခံက မဲခွဲ အတည်ပြုပေးခဲ့တဲ့ အဆိုပြုချက်ထဲမှာတော့ နှစ်ဖက် စစ်သုံ့ပန်းတွေ လဲလှယ်ရေး၊ ကလေးတွေ အပါအဝင် အတင်းအကျပ် နေရပ်စွန့်ခွာစေခဲ့၊ နှယ်နှင်ခံခဲ့ရတဲ့ အရပ်သားတွေကို နေရပ်ပြန်ခွင့်ပြုရေးကိုလည်း ထည့်သွင်း တောင်းဆိုထားကြောင်း သိရပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook