Connect with us

Hi, what are you looking for?

သတင်း

မြန်မာဒုက္ခသည်တွေကို ဖိနှိပ်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံကို အိန္ဒိယ ကန့်ကွက်

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

ပါဟယ်လ်ဂမ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလက အကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေကို ​တွေ့ရစဥ်။ဓါတ်ပုံ-PTI

​နိုဝင်ဘာ-၁၊၂၀၂၅။People’s Spring

ပြည်တွင်းက မြန်မာ ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်နဲ့ ပတ်သက်ပြီး အိန္ဒိယက ကန့်ကွက် ငြင်းဆိုခဲ့ပါတယ်။

ဂျမ်မူးနဲ့ ကက်ရှ်မီးယား ဒေသရဲ့ အိန္ဒိယ ထိန်းချုပ်ရာ အစိတ်အပိုင်းထဲက ပါဟယ်လ်ဂမ် မြို့နားမှာ ဧပြီလတုန်းက အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်နောက်ပိုင်းအိန္ဒိယရောက်မြန်မာဒုက္ခသည်တွေ ပိုပြီး ကျပ်တည်းတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်လာရတာလို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားခဲ့တာပါ။

ဒါပေမဲ့ အိန္ဒိယ လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒီလစ် ဆိုင်ကီရာက အဲဒီအစီရင်ခံစာကို ပြုစုတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေဟာ အခြေအမြစ်မရှိတဲ့ ကိစ္စတွေကို ဘက်လိုက် ဖော်ပြခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ်အစောပိုင်းကကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ဆိုင်ကီရာက သူ့နိုင်ငံနဲ့ ပတ်သက်လို့ မှားယွင်းပြီး မမျှမတပြောဆိုတာတွေကို အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

သူက ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ဟာ ပါဟယ်လ်ဂမ် တိုက်ခိုက်မှုကြောင့် လူ့အဖွဲ့အစည်း တစ်ရပ်ကို ပစ်မှတ်ထား ဖိနှိပ်မှုတွေ ရှိလာပါတယ်ဆိုတဲ့ သဘောမျိုး မဆီမဆိုင် ကောက်ချက်ချခဲ့တယ်လို့ ပြောပါတယ်။

အန်ဒရူးစ်ကတော့ပါဟယ်လ်ဂမ်တိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင်တွေ သေဆုံးခဲ့ရတဲ့နောက် အဲဒီဖြစ်ရပ်နဲ့ ဘာအဆက်အစပ်မှ မရှိတဲ့ မြန်မာဒုက္ခသည်တွေပါအပြင်းအထန်ဖိနှိပ်တာတွေကြုံလာရတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာ၊ အတင်းအကျပ် နေရပ်ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေက သူ့ဆီ အသိပေး တင်ပြခဲ့ကြောင်း အန်ဒရူးစ်က ဆိုပါတယ်။ ကုလသမဂ္ဂဆီ တင်သွင်းတဲ့ အစီရင်ခံစာမှာတော့ မေလတုန်းက အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၄၀ လောက်ဟာ ဒေလီကနေ အန်ဒမန်နဲ့ နစ်ကိုဘာ ကျွန်းတွေဆီ ပို့ဆောင် ခံရပြီး အဲဒီနောက် အိန္ဒိယ ရေတပ်သင်္ဘော တစ်စီးဆီ လွှဲပြောင်း ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ဒါ့အပြင်အဲဒီလထဲမှာပဲ ဒုက္ခသည် တချို့ကို အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ဖက် နယ်နှင် ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆိုင်ကီရာကတော့ အဲဒီ စွပ်စွဲချက် အားလုံးဟာ တိကျတဲ့ အချက်အလက်တွေကို အခြေခံထားတာ မရှိဘူးလို့ ပြောပါတယ်။ အန်ဒရူးစ်အနေနဲ့အတိအကျ ဆန်းစစ်ထားမှု မရှိတဲ့၊ လုပ်ကြံလီဆယ်ထားတဲ့ အချက်အလက်တွေအပေါ် အရမ်း မှီခိုမနေသင့်ဘူးလို့လည်း သူကဆိုပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယမှာ လာရောက် ခိုလှုံနေတဲ့ ဒုက္ခသည်တွေနဲ့ စစ်ရှောင်တွေကြားမှာ အစွန်းရောက် သဘောထား ဝါဒတွေ ပိုမိုပျံ့နှံ့လာနေတာကိုလည်း ထောက်ပြ သတိပေးခဲ့ပြီး အိန္ဒိယအတွက် ကြီးမားတဲ့ လုံခြုံရေး စိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား-Mint

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။