Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား လက်နက်တွေ ဘယ်တော့မှ မစွန့်ဘူးလို့ ကုလသမဂ္ဂကို မြောက်ကိုရီးယားပြော

နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်တော့မှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက နိုင်ငံရဲ့ သဘောထားကို ကုလသမဂ္ဂမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်တော့မှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက နိုင်ငံရဲ့ သဘောထားကို ကုလသမဂ္ဂမှာ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က မြောက်ကိုရီးယားရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကင်မ်ဆွန်ဂျွန်းဟာ နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်ထဲမှာ မိန့်ခွန်းပြောသွားခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂ မိန့်ခွန်းတွေကို ရာထူးအရ ပိုအဆင့်နိမ့်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကပဲ ပြောလေ့ရှိပါတယ်။

ဂျွန်းက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းဖို့ ဆိုတဲ့ တောင်းဆိုမှုတွေဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လက်လျှော့ဖို့ ပြောနေသလိုမျိုး အရမ်းလွန်ကဲတဲ့ အခြေအနေ ဖြစ်နေကြောင်း၊ ပြီးတော့ ဒါကို လိုက်လျောဖို့ ဆိုတာကလည်း မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ ကိုက်ညီမှု မရှိကြောင်း ဆိုပါတယ်။

ဓာတ်ပုံ – Reuters

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း၊ အဲဒီလက်နက်တွေ ပိုင်ဆိုင်မှုဟာ မြောက်ကိုရီးယားရဲ့ ဥပဒေတွေ၊ အမျိုးသားရေး မူဝါဒတွေ၊ အချုပ်အခြာ အာဏာ ခိုင်မာမှုတွေနဲ့ ဆက်စပ်နေသလို နိုင်ငံအနေနဲ့ ဒီလက်နက်တွေ ပိုင်ဆိုင်ဖို့လည်း အခွင့်အရေး အပြည့်အဝ ရှိနေကြောင်း၊ ဘယ်လို အခြေအနေမှာမဆို မြောက်ကိုရီးယားဟာ ဒီသဘောထား ရပ်တည်မှုကို ကျောခိုင်း စွန့်ခွာသွားမှာ မဟုတ်ကြောင်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးကြောင့် သူဟာ အမေရိကန်နဲ့ တကျော့ပြန် ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားမယ်လို့ ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါသေးတယ်။

တောင်ကိုရီးယားမှာ လီဂျေမြောင် သမ္မတ ဖြစ်လာကတည်းက ကိုရီးယား နှစ်နိုင်ငံကြားက တင်းမာမှုတွေကို ဖြေလျှော့ဖို့ အင်တိုက်အားတိုက် ကြိုးစားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ မိန့်ခွန်းမှာတော့ လီက သူဟာ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကြား မဆုံးနိုင်တဲ့ တင်းမာမှု သံသရာကို အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့သလို မြောက်ကိုရီးယားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် အားထုတ်တာတွေ လုပ်မှာ မဟုတ်ဘူးလို့လည်း ကတိပြုသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။