Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြုပြင်ပြောင်းလဲရေးအစီအစဉ်အဖြစ် UN အကြီးတန်းရာထူးများ လျှော့ချဖို့ ဂူတာရက်စ် စီစဉ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဓါတ်ပုံ-UN

​မေ-၂၉၊၂၀၂၆။People’s Spring

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၈၀ ပြည့်လာပြီဖြစ်တဲ့ ကုလသမဂ္ဂဟာ အကြီးတန်းရာထူးတွေ များလွန်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေသလို၊အမေရိကန်အပါအဝင် အဖွဲ့ဝင်နိုင်ငံတချို့ကပေးဆောင်ရမယ့်ငွေကြေးတွေ မပြည့်မီတာကြောင့်လည်း ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂူတာရက်စ်က“UN80”လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အောက်မှာ ၂၀၂၆ ဘတ်ဂျက်ကို လျှော့ချထားနိုင်ပြီး၊ ဂျီနီဗာနဲ့ နယူးယောက် လိုကုန်ကျစရိတ်မြင့်တဲ့မြို့တွေကနေ ဝန်ထမ်း ၂,၀၀၀ ကျော်ကိုကုန်ကျစရိတ်နည်းတဲ့နေရာတွေကိုပြောင်းရွှေ့ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အဲ့ဒီလောက်နဲ့မလုံလောက်သေးဘဲ ပိုမိုနက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေသေးတယ်လို့လည်း သူကပြောပါတယ်။

“တကယ့်ပြုပြင်ပြောင်းလဲရေးဆိုတာခက်ခဲတဲ့ဆုံးဖြတ်ချက်တွေလိုအပ်ပါတယ်။အခုအချိန်ဟာအေးဆေးထိုင်နေဖို့၊ကိုယ့်အကျိုးစီးပွားပဲကြည့်ဖို့၊ အချိန်ဆွဲဖို့ မဟုတ်ပါဘူး” လို့ ဂူတာရက်စ်က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

နောက်နှစ်ဘတ်ဂျက်ထဲမှာ အုပ်ချုပ်ရေးအဆင့်တွေကို လျှော့ချတာ၊ အကြီးတန်းရာထူးတွေကို စတင်လျှော့ချတာတွေ ပါဝင်လာမယ်လို့ ဆိုပေမယ့် ဘယ်ရာထူးတွေကို ဘယ်လောက်ထိလျှော့မလဲဆိုတာတော့ အသေးစိတ်မပြောသေးပါဘူး။

ကုလသမဂ္ဂအတွင်းက အကြီးတန်းရာထူးတချို့ဟာ အင်အားကြီးနိုင်ငံတွေ အတွက် ဂုဏ်သိက္ခာနဲ့ သြဇာအာဏာပြနိုင်တဲ့ နေရာတွေဖြစ်တာကြောင့် အလွယ်တကူ လက်မလွှတ်ချင်ကြဘူးလို့ သုံးသပ်နေကြပါတယ်။

အမေရိကန်နိုင်ငံကတော့ ကုလသမဂ္ဂကို ဒေါ်လာ ၄ ဘီလီယံခန့် အကြွေးတင်နေပြီး၊ ကုလသမဂ္ဂအဖွဲ့အစည်းတချို့ကနေ နုတ်ထွက်ဖို့အစီအစဉ်တွေ ကြေညာထားသလို၊ ပိုမိုထိရောက်တဲ့ ကုလသမဂ္ဂဖြစ်ဖို့ကိုလည်း အမြဲတောင်းဆိုနေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကလည်း ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်း ပြောထားပြီး၊ အဖွဲ့အစည်းတွေအထပ်ထပ်ဖြစ်နေတာတွေကို လျှော့ချပြီး အရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ ပေါင်းစည်းအသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

ကိုးကား- Reuter

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

Facebook