Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး အဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မဲခွဲအတည်ပြု

ဂါဇာ ကမ်းမြှောင်ဒေသ အနာဂတ် ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်ပြခဲ့တဲ့ အချက်ပေါင်း ၂၀ ပါ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ဂါဇာ ကမ်းမြှောင်ဒေသ အနာဂတ် ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တင်ပြခဲ့တဲ့ အချက်ပေါင်း ၂၀ ပါ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC)မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ ပါလက်စတိုင်း အစုအဖွဲ့တွေဖက်က အဲဒီ အဆိုနဲ့ ပတ်သက်လို့ ကန့်ကွက်ဝေဖန်တာတွေ ရှိနေပေမယ့်လည်း နိုဝင်ဘာ ၁၇ ရက် မဲခွဲမှုမှာတော့ UNSCမှာ ကန့်ကွက်မဲ မရှိခဲ့ဘဲ ၁၃ နိုင်ငံက ထောက်ခံပြီး အဆို အထမြောက်ခဲ့ပါတယ်။ UNSC အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့က အဆိုကို ထောက်ခံပြီး ရုရှားနဲ့ တရုတ်ကတော့ ကန့်ကွက်တာ၊ ထောက်ခံတာ ဘာမှမရှိဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟားမားစ်နဲ့ ပါလက်စတိုင်း အင်အားစုတွေ အဓိက ကန့်ကွက်တဲ့ အချက်တစ်ခုကတော့ ဂါဇာရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ ထိန်းညှိရေးတပ် (ISF) တစ်ခုကို ဖွဲ့စည်းပြီး ဖြန့်ကျက်စေမယ်ဆိုတဲ့ ကိစ္စပါ။ အဲဒီအခြေအနေမှာ ပါလက်စတိုင်း ပြည်သူတွေဟာ ကိုယ်ပိုင် အခွင့်အရေးတွေ၊ ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တွေ ဆုံးရှုံးကုန်ပြီး ဂါဇာအရေးကို နိုင်ငံတကာက ခြယ်လှယ် ဆုံးဖြတ်ဖို့ လက်လွှဲပေးလိုက်ရခြင်း ဖြစ်လာမယ်လို့ ဟားမားစ်က ဝေဖန်ထားပါတယ်။

ISFဟာ ဟားမားစ်အပါအဝင် ဂါဇာအခြေစိုက် လက်နက်ကိုင် အင်အားစုတွေက လက်နက်ဖြုတ်ယူ သိမ်းဆည်းရေး၊ ဂါဇာမှာ ဟားမားစ် လက်အောက်ခံ ရဲတပ်ဖွဲ့တွေအစား စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ရဲဝန်ထမ်းတွေနဲ့ အစားထိုးရေးစတဲ့ လုပ်ငန်းတွေကိုပါ တာဝန်ယူ ကြီးမှူးရမှာ ဖြစ်ပါတယ်။ ပြီးတော့ အစ္စရေး၊ အီဂျစ် အစိုးရတွေနဲ့ အဓိက ချိတ်ဆက်ပြီး အလုပ်လုပ်သွားရမှာပါ။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဝေါ့လ်ဇ်က အသစ်ဖွဲ့စည်းမယ့် ISFဟာ ဂါဇာရဲ့ လုံခြုံရေး၊ စစ်လက်နက် ဖျက်သိမ်းရေး၊ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်သိမ်းရေး၊ လက်နက်ခဲယမ်းတွေ ဖယ်ရှားရေး၊ ပါလက်စတိုင်း ပြည်သူတွေရဲ့ လုံခြုံရေး ကဏ္ဍတွေကို အဓိက ကြီးမှူးရမှာ ဖြစ်တယ်လို့ UNSCဆီ ပြောကြားခဲ့ပါတယ်။

ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံ ပထမအဆင့်အဖြစ် အစ္စရေးနဲ့ ဟားမားစ်တို့ကြားမှာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ အပစ်ရပ် သဘောတူညီမှု ရရှိထားပြီး နှစ်ဖက် ထိန်းသိမ်းထားတဲ့ ဓားစာခံနဲ့ သုံ့ပန်းတွေကိုလည်း လဲလှယ်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး လူနေဧရိယာတွေကို အလစ်အငိုက် ဖြတ်ကျော် တိုက်ခိုက်ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၁ ဦးကို ဓားစာခံတွေအဖြစ် ဂါဇာဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့်ပဲ ဂါဇာစစ်ပွဲကြီး အစပြုခဲ့ပြီး အစ္စရေးရဲ့ လွန်ကဲတဲ့ လက်တုံ့ပြန်မှုတွေအတွင်း အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၇၀၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။