News
မြိုင်နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲကာ ကျေးရွာအများအပြားသို့ ဝင်ရောက်နေသည်။ မြောက်ပိုင်းစစ်ကြောင်းသည် ယမန်နေ့ (မေလ ၁၂ရက်) ညပိုင်းက ဖျသီးရွာနှင့် တောင်ကိုင်းကျေးရွာများသို့စီးနင်းပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်း၊သုသာန်နှင့် နေအိမ်အချို့အပေါ် ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။



















































