Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်း​ဒေသရှိ ​ကျေးရွာများအား မီးရှို့ဖျက်ဆီးပြန်လာ​သော စစ်​ကောင်စီတပ်ကို ​မြောင်(CDSOM) တိုက်ခိုက်

အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့​နောက် စစ်​ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး ​နေအိမ် ၃၀ ခန့် မီး​လောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

(အကြမ်းဖက်စစ်တပ်က မြောင်နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးနေစဥ်။)

▪️စစ်​ကောင်စီတပ် အ​သေအ​ပျောက်များနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မကွေးတိုင်းဘက်မှကူးလာသည့် စစ်ကောင်စီတပ်အား မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ အသေအပျောက်များကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မေလ ၁၈ ရက်)က မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ​နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် မြောင်မြို့နယ် ပန်းညိုရွာသို့ရောက်ရှိလာပြီး နေအိမ်ခြောက်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထို့​နောက် ညနေ ၃ နာရီတွင် ညောင်ကားယားကျေးရွာသို့ မီးရှို့ရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်အား ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားအချို့ကို ထမ်းသွားရပြီး ဒဏ်ရာရသူများနိုင်ကြောင်း CDSOM အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့​နောက် စစ်​ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး ​နေအိမ် ၃၀ ခန့် မီး​လောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၃၀ရက်ကတည်းက စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့ဖြစ်ပြီး ရွာစဥ်တစ်လျှောက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက People’s Spring သို့​ပြောသည်။

“မီးရှို့စစ်တပ်ဖြစ်နေပြီ။ သူတို့က ဒီတစ်ခေါက် ရေလယ်ကျွန်းဘက်ကနေ ပြန်လှန့်လာတယ်။ အခုက သူတို့ပိတ်မိနေပြီး လမ်းကြောင်းတောက်လျှောက်က ရွာတွေကို မီးရှို့ကြတယ်။ ဒါက သူတို့လုပ်နေကြဖြစ်ပြီး အခု တစ်ခေါက်ကတော့ တော်တော်ဆိုးဆိုးပါပဲ။ ဒီတစ်ခေါက်က သူတို့ပြောတဲ့ မိုးမဝင်ခင် စစ်ဆင်ရေးကြမ်းတမ်းမယ်ဆိုတဲ့အတိုင်းပေါ့။ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးကို အသားကုန်မီးထိုင်ရှို့နေတာ။ ရွာထဲဝင်ရင် ဘာမှမလုပ်ဘူးဘာညာပြောတယ် ရွာက ပြန်ထွက်မယ်ဆို တစ်ရွာလုံးမီးထိုင်ရှို့တယ်။”ဟု CDSOM တာဝနိရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မြောင်မြို့နယ် ပကဖအဖွဲ့ဝင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMနှင့်အတူ Myinmu Civil Revolution Force(CRF Myinmu)၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ Myaung fighter Defense Force၊ Myaung Farmer Defense Force၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)၊ People Defense Force-Taloke(မြင်းခြံခရိုင် တပ်ရင်း၂)၊ MGN Ranger(မြင်းခြံခရိုင် တပ်ရင်း၂)၊ Black Eagle Defense Force စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

မေလ ၁၈ ရက် ည၇နာရီအချိန်ကလည်း မြင်းမူ – ချောင်းဦးလမ်းပိုင်း၊ ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောရွာအကြားတွင် စစ်ကောင်စီတပ်များ လိုက်ပါလာသော ၁၂ ဘီးကားတစ်စီးအား မြောင်မြို့နယ်(ပကဖ)အဖွဲ့ဝင်၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ ကန္တရာသိန်းငှက်၊ တူမီးဖိုက်တာ၊ Chaung U Revolution Army၊ Myinmu Civil Revolution Force(CRF Myinmu)၊ Black Eagle Defense Force စသောမဟာမိတ်များက အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)မှထုတ်လုပ်သော M2W မိုင်းဖြင့် မိုင်းဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ၁၉ ရက်) နံနက်ပိုင်းကလည်း အင်အား၁၀၀ခန့်ဖြင့် ရွာပုလဲကျေးရွာကို ရမ်းသမ်းပစ်ခတ်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။