Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်ရှိ ​ကျေးရွာများမွှေ​နှောက်​နေသည့် စစ်အုပ်စုကို ​ဒေသကာကွယ်​ရေးတပ်များ တိုက်ခိုက်

မေလ ၇ရက်က မြောင်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ် ကျေးရွာတစ်ရွာမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့သည်။

(MSPDF နှင့်မဟာမိတ်အဖွဲ့များ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသင်္ဘောအား တိုက်ခိုက်နေစဥ်။)

မြောင်မြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း MSDPFအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၇ရက်က မြောင်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ် ကျေးရွာတစ်ရွာမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့သည်။

Public Service Announcement

ထိုကျေးရွာမှထွက်ခွာလာချိန် ကျေးရွာနှစ်ရွာကြား အရောက်တွင် မဟာမိတ်ညီနောင် (၄)ဖွဲ့က ပဒေသာမိုင်းနှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှစ် ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF က ပြောသည်။

“ဖြစ်တဲ့ နေရာကတော့ ရွာတွေလုံခြုံရေးအရ မပြောပြတော့ဘူးဗျ။ နေ့ခင်း၂နာရီကျော်လောက်က ဖြစ်တာပါ။”ဟု MSPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်အား စစ်ကိုင်းခရိုင်တပ်ရင်း(၄) MSPDF၊ Natogyi Regional Defence Force၊ Burmese Guerilla Force-BGF၊ Chaung U Defence Force-CHU PDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေလ ၇ရက် နံနက်၉နာရီခန့်ကလည်း ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောတစ်စင်းအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များအပြင် မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါ လာရောက်ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။