Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် ယနေ့နံနက် စစ်ကြောင်းထိုးနေပြီး ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်​ဆီးနေ

မိဖုရားကျေးရွာအား နံနက် ၈နာရီခန့်တွင်လည်းကောင်း၊ မဲကုန်းကျေးရွာအား နံနက်၁၀နာခန့်တွင်လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ မဲကုန်းကျေးရွာအား နေရာ သုံးနေရာခွဲ၍ မီးရှို့နေကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်​ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့(မေလ ၁ဝ ရက်)နံနက် ၇နာရီခန့်မှစတင်ကာ ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသရှိ မိဖုရားနှင့် မဲကုန်းကျေးရွာများသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မိဖုရားကျေးရွာအား နံနက် ၈နာရီခန့်တွင်လည်းကောင်း၊ မဲကုန်းကျေးရွာအား နံနက်၁၀နာခန့်တွင်လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ မဲကုန်းကျေးရွာအား နေရာ သုံးနေရာခွဲ၍ မီးရှို့နေကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

မဲကုန်းရွာသို့ မီးမရှို့မီ ကျွန်းဦးကျောင်းဝင်းအတွင်း ဝင်ရောက်ပြီး အရှေ့အရပ်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မိဖုရားရွာအနီးမှာ အနီးကပ်သတင်းယူနေတဲ့ ရဲဘော်များအား လိုက်လံပစ်ခတ်တာကြောင့် ပြန်ဆုတ်ခဲ့ရပြီး ပွန်းပဲ့ ဒဏ်ရာအန​ည်းငယ်ရတယ်။ ဆိုင်ကယ်တစ်စီး ချန်ခဲ့လိုက်ရတယ်။”ဟု ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ပြောသည်။

ရွာခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ပျက်စီးမှုအခြအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏခုခံတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်တပ်ကလည်း ရေလယ်ကျွန်းကျေးရွာ အမြောက်အများအား မီးရှို့ ဖျက်ဆီးထားသည်။

မကွေးတိုင်းတွင် အကြမ်းဖက်စစ်တပ်က အိမ်ပေါင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးထားပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။