Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်တွင် စစ်အုပ်စုတပ်စွဲရာ ကျေးရွာနှစ်ရွာကို မဟာမိတ်(၇)ဖွဲ့ သွားရောက်တိုက်ခိုက်

ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီး​တောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက တည်သီးတောကျေးရွာအား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့စဥ်။)

စစ်ကိုင်းတိုင် ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များတပ်စွဲရာ ‌ကျေးရွာနှစ်ရွာသို့ မဟာမိတ်(၇)ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီး​တောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီး နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု C&T SHWEBOအဖွဲ့က ဆိုသည်။

မေလ ၁၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာတွင် အထိုင်ချတပ်စွဲနေသော အကြမ်းဖက်စစ်တပ်နှင့်ပျူများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားနှင့် ပျူသုံးဦး အပြင်းအထန်ဒဏ်ရာရ၍ အော်ဟစ်ဆဲဆိုပြီး လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း C&T SHWEBO အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်က ဆိပ်ခွန်ရွာတွင် ကျဆုံးသွားသော ရဲဘော်မောင်ရှိုင်းအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBO အဖွဲ့က အသိပေးသည်။

မဟာမိတ်အဖွဲ့များ အထိခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

အဆိုပါ ဖြစ်စဥ်များအား မဟာမိတ်အဖွဲ့များဖြစ်ကြသော C&T SHWEBO၊ SNAKE EYES – PDF ၊ PEOPLE DEFENCE FORCE Shwebo၊ ဗိုလ်ကျားရိုင်း(ပကဖ) ရွှေဘို၊ ဖားရွှေကျော်အဖွဲ့၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့တို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ C&T SHWEBO အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

C&T SHWEBOအဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒရုန်းဖြင့်အဓိကထား တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။