သတင်း စစ်ကိုင်း ဘော်ဂါကျောက်ဝိုင်းအား ဖောက်ခွဲမည် ဟု ခြိမ်းခြောက်စာပို့ခြင်းမှာ မဟုတ်ကြောင်း ဗိုလ်ယက္ခ ဖြေရှင်း ယနေ့ (သြဂုတ် ၂၂ ရက်) ရက်စွဲဖြင့် စစ်ကိုင်းခရိုင်တပ်ရင်း (၁)တပ်ရင်းမှူး ဗိုလ်ယက္ခအမည်ကို အလွဲသုံးစားပြုလုပ်ပြီး ဘော်ဂါကျောက်ဝိုင်းနှင့် အမှတ် (၈၄)သစ်စက်တို့အား ဖောက်ခွဲရေးပြုလုပ်မည်ဆိုသော ပစ်စာများ ပစ်သွားကြောင်း ဗိုလ်ယက္ခက အသိပေးသည်။ LuduNwayOoဩဂုတ် 22, 2022
သတင်း မိုင်းရှာထွက်လာသည့် ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။ LuduNwayOoဩဂုတ် 22, 2022
သတင်း အလောင်းတော်ကဿပနယ်မြေရှိ ရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီး ဒေသခံငါးဦးကို သတ်ဖြတ် စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးရုံမက ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသခံပြည်သူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။ LuduNwayOoဩဂုတ် 22, 2022
သတင်း စစ်ကိုင်းတိုင်း လမ်းပိုင်းအချို့တွင် ပြည်သူများသတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDF များ အသိပေး သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယဉ်များ၊ ယာဉ်မောင်းများ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည် မဟုတ်ကြောင်း C&T SHWEBOအဖွဲ့က သတိပေးသည်။ LuduNwayOoဩဂုတ် 22, 2022
သတင်း စစ်ကိုင်းခရိုင်တပ်ရင်း(၃)လှုပ်ရှားနယ်မြေတွင်စစ်သုံ့ပန်းလေးဦးဖမ်းမိ "လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်"ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 21, 2022
သတင်း ချပ်သင်းဒေသတိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူပါလာသည့် ပျူစောထီးသုံးဦးကို ဖမ်းမိ စစ်ကောင်စီက အထိနာပါက လေယာဥ်ဖြင့် တိုက် ခိုက်လေ့ရှိသောကြောင့် လေကြောင်းအန္တရာယ်ကိုပါ သတိပြုနေထိုင်ကြရန် ဒေသခံများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေး ထားသည်။ LuduNwayOoဩဂုတ် 20, 2022
မေးမြန်းခန်း ◉ ရင်ပေါင်တိုင်ရွာမှာဘာဖြစ်ခဲ့သလဲ "ချင်းဘက်ကရဲဘော်လေးတွေ၈ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်။ပြည်သူတွေရော။အဲဒီမှာကယ်ထုတ်ခဲ့တာအယောက်၃၀ကျော်ရှိတယ်" - ဒေသခံPDFခေါင်းဆောင်ဟိန္နက LuduNwayOoဩဂုတ် 18, 2022
သတင်း ကိုးတောင်ဘို့ရွာတွင်တပ်စွဲနေသောစစ်တပ်နှင့်ပျူများကို PDF များတိုက်ခိုက် ကန့်ဘလူ့အခြေစိုက် KB2တပ်ခွဲ-၁မှ တပ်စိပ် ၃ စိပ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ LuduNwayOoဩဂုတ် 17, 2022
သတင်း သမတက္ကသိုလ်ကျောင်းသားတစ်ဦး အပါအဝင်စစ်ကိုင်းတပ်ရင်း (၃)မှ ရဲဘော် နှစ်ဦးတိုက်ပွဲတစ်ခုတွင် ကျဆုံး ယနေ့(သြဂုတ်၁၇ရက်) နံနက်ခင်းပိုင်းကလည်း စစ်ကိုင်းမြို့၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ အကြမ်းဖက်စစ်တပ်နှင့် Express ယာဥ်ပေါ်ပါ PDFအချို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုနှင့် ပြည်သူအချို့ပါ ထိခိုက်ခဲ့သည်။ LuduNwayOoဩဂုတ် 17, 2022
သတင်း ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုတွေဖြစ် ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။ LuduNwayOoဩဂုတ် 17, 2022