Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် တောင်ကြားရွာကို စစ်ကောင်စီတပ်နှင့်ပျူများ မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၃၀ ပြာကျ

“မနက်ပိုင်း​က တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။”ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်ပျက်စီးခဲ့သည့် တောင်ကြားရွာ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်ပျက်စီးခဲ့သည့် တောင်ကြားရွာ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၃၀ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တောင်ကြားကျေးရွာကို ယမန်နေ့(သြဂုတ် ၂၉ရက်) ညနေ ၃ နာရီအချိန်နှင့် ညပိုင်းအချိန်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကြွယ်ပုံရွာမှ ပျူစောထီးများက လာရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

“မနက်ပိုင်း​က တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။”ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၆ နာရီခန့်ကလည်း စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာကို ကြွယ်ပုံရွာပျူစောထီးအဖွဲ့နှင့်အတူ လာရောက် မီးရှို့ဖျက်ဆီးခဲ့၍ အဆိုပါကျေးရွာရှိ နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ကျေးရွာရှိ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကိုပါ ပစ်သတ်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။