Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် လေးရက်တာတိုက်ပွဲ စစ်ကောင်စီတပ် ၁၃ ဦးသေ၊ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

(ကျဆုံးရဲဘော်များအား အလေးပြုနေသည့် PRA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PRA)
(ကျဆုံးရဲဘော်များအား အလေးပြုနေသည့် PRA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PRA)

စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် ဒေသအတွင်း လေးရက်တာတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးကာ ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ထိတွေ့မှုတိုက်ပွဲများမှာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြု၍ တပ်ကူစေလွှတ်ခဲ့ရသည်ဟု ဆိုသည်။

“စခ တွေကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေထဲမှာ အခု တိုက်ပွဲက ကျွန်တော်တို့ အထိနာဆုံးပွဲတစ်ခု ဖြစ်ခဲ့တယ် လို့ ပြောရမယ်”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့ရသော ရဲဘော်လေးဦးအနက် PRA တပ်မတော် ဗဟိုကော်မတီဝင် ခေါင်းဆောင် လေးဦးအနက်မှ ဗိုလ်စိုင်းညီညီဆွေ ပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သြဂုတ် ၂၀ ရက်ကစ၍ PRA တပ်မတော် လှုပ်ရှားနယ်မြေ စစ်ကိုင်းတိုင်း ပုလဲမြို့ နှင့် မကွေး တိုင်း မြိုင်မြို့နယ်အစပ်ကို စစ်ကောင်စီက ရဟတ်ယာဥ်လေးစီးဖြင့် အင်အား ၁၀၀ ကျော်ချကာ စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပုလဲမြို့နှင့် မြိုင်မြို့နယ်အစပ်များမှ ကျေးရွာ (၈)ရွာကျော်မှ စစ်ရှောင် ၄,၀၀၀ ခန့် စစ်ဘေးတိမ်းရှောက်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။