Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအဖွဲ့ တစ်နိုင်ငံလုံး အိမ်ခြေ သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးရာ စစ်ကိုင်းတိုင်းက နေအိမ် နှစ်သောင်းကျော်ပါဝင်

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဘင်​ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
စစ်ကိုင်းတိုင်းအတွင်းရှိ ဘင်​ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ

စစ်ကောင်စီ အာဏာစတင်သိမ်းယူသည့်ကာလမှ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ရက်အထိ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် နေအိမ်အရေအတွက်ကို Data for Myanmarက ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး နေအိမ်စုစုပေါင်း ၂၈,၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းက အိမ်ခြေနှစ်သောင်းကျာ် အထိရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၀,၁၅၃လုံး ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း Data for Myanmarက ထုတ်ပြန်သည်။

ကျေးရွာမီးရှို့ဖျက်ဆီးခံရမှုကို အဝေးမှလှမ်းကြည့်နေသော အမျိုးသမီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
ကျေးရွာမီးရှို့ဖျက်ဆီးခံရမှုကို အဝေးမှလှမ်းကြည့်နေသော အမျိုးသမီးအား တွေ့ရစဥ်၊ ဓာတ်ပုံ – ချင်းတွင်း ချစ်သူ

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။

မီးရှို့ခံရသည့် မြို့နယ်များမှာ ပုလဲမြို့နယ်၌ နေအိမ် ၂,၃၀၀ ကျော်၊ နေအိမ်ပေါင်း ၁,၀၀၀ နှင့် အထက် မီးရှို့ခံရသည့် မြို့နယ်များမှာ ခင်ဦး၊ ကလေး၊ ကနီ၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ အရာတော်၊ မင်းကင်း၊ ဝက်လက်၊ တန့်ဆည် တို့ဖြစ်ပြီး နေအိမ် ၁၀၀ နှင့် ၇၀၀ အကြား မီးရှို့ခံရသည့် မြို့နယ်များမှာ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။ နေအိမ် ၂ အိမ် နှင့် ၁၀၀ ကြား မီးရှို့ဖျက်ဆီးခံရသည့် မြို့နယ်များမှာ ကျွန်းလှ၊ ထီးချိုင့်၊ ကသာ၊ ကောလင်း၊ မုံရွာ၊ တမူး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော် တို့ ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နေအိမ်မီးရှို့ခံရပြီးနောက် ပြာပုံများကြားမှ ပစ္စည်းအကြွင်းအကျန်များရှာဖွေနေသော မိန်းကလေးတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
နေအိမ်မီးရှို့ခံရပြီးနောက် ပြာပုံများကြားမှ ပစ္စည်းအကြွင်းအကျန်များရှာဖွေနေသော မိန်းကလေးတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – ချင်းတွင်း ချစ်သူ

စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့် အနက် ၃၁ မြို့နယ်၌ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး ကျန် ၆ မြို့နယ်ဖြစ်သည့် ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း တို့၌ မီးရှို့ခံရသည့် ဖြစ်စဉ် မကြားရဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခံရမှု အခြေအနေများကို လအလိုက် လေ့လာကြည့်ပါက ယခုနှစ် ဧပြီ ၊ မေနှင့် ဇွန်လ အတွင်း နေအိမ် မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ယင်းသုံးလအတွင်း နေအိမ် ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လက်ရှိအချိန်ထိလည်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့မှုများ လုပ်ဆောင်ခဲ့ရာ ဩဂုတ် ၂၆ရက်က ကျွန်းလှမြို့နယ် ကုန်းစည်းရွာနှင့် တည်ပင်ဆိပ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။