Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအဖွဲ့ တစ်နိုင်ငံလုံး အိမ်ခြေ သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးရာ စစ်ကိုင်းတိုင်းက နေအိမ် နှစ်သောင်းကျော်ပါဝင်

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဘင်​ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
စစ်ကိုင်းတိုင်းအတွင်းရှိ ဘင်​ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ

စစ်ကောင်စီ အာဏာစတင်သိမ်းယူသည့်ကာလမှ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ရက်အထိ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် နေအိမ်အရေအတွက်ကို Data for Myanmarက ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး နေအိမ်စုစုပေါင်း ၂၈,၄၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းက အိမ်ခြေနှစ်သောင်းကျာ် အထိရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၀,၁၅၃လုံး ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း Data for Myanmarက ထုတ်ပြန်သည်။

ကျေးရွာမီးရှို့ဖျက်ဆီးခံရမှုကို အဝေးမှလှမ်းကြည့်နေသော အမျိုးသမီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
ကျေးရွာမီးရှို့ဖျက်ဆီးခံရမှုကို အဝေးမှလှမ်းကြည့်နေသော အမျိုးသမီးအား တွေ့ရစဥ်၊ ဓာတ်ပုံ – ချင်းတွင်း ချစ်သူ

စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။

မီးရှို့ခံရသည့် မြို့နယ်များမှာ ပုလဲမြို့နယ်၌ နေအိမ် ၂,၃၀၀ ကျော်၊ နေအိမ်ပေါင်း ၁,၀၀၀ နှင့် အထက် မီးရှို့ခံရသည့် မြို့နယ်များမှာ ခင်ဦး၊ ကလေး၊ ကနီ၊ ရွှေဘို၊ ကန့်ဘလူ၊ ဒီပဲယင်း၊ အရာတော်၊ မင်းကင်း၊ ဝက်လက်၊ တန့်ဆည် တို့ဖြစ်ပြီး နေအိမ် ၁၀၀ နှင့် ၇၀၀ အကြား မီးရှို့ခံရသည့် မြို့နယ်များမှာ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ် တို့ဖြစ်ကြောင်း ဖော်ပြထားသည်။ နေအိမ် ၂ အိမ် နှင့် ၁၀၀ ကြား မီးရှို့ဖျက်ဆီးခံရသည့် မြို့နယ်များမှာ ကျွန်းလှ၊ ထီးချိုင့်၊ ကသာ၊ ကောလင်း၊ မုံရွာ၊ တမူး၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော် တို့ ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နေအိမ်မီးရှို့ခံရပြီးနောက် ပြာပုံများကြားမှ ပစ္စည်းအကြွင်းအကျန်များရှာဖွေနေသော မိန်းကလေးတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - ချင်းတွင်း ချစ်သူ
နေအိမ်မီးရှို့ခံရပြီးနောက် ပြာပုံများကြားမှ ပစ္စည်းအကြွင်းအကျန်များရှာဖွေနေသော မိန်းကလေးတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ – ချင်းတွင်း ချစ်သူ

စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့် အနက် ၃၁ မြို့နယ်၌ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး ကျန် ၆ မြို့နယ်ဖြစ်သည့် ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း တို့၌ မီးရှို့ခံရသည့် ဖြစ်စဉ် မကြားရဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခံရမှု အခြေအနေများကို လအလိုက် လေ့လာကြည့်ပါက ယခုနှစ် ဧပြီ ၊ မေနှင့် ဇွန်လ အတွင်း နေအိမ် မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ယင်းသုံးလအတွင်း နေအိမ် ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လက်ရှိအချိန်ထိလည်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့မှုများ လုပ်ဆောင်ခဲ့ရာ ဩဂုတ် ၂၆ရက်က ကျွန်းလှမြို့နယ် ကုန်းစည်းရွာနှင့် တည်ပင်ဆိပ်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။