သတင်း ပအိုဝ်းဒေသဆီဆိုင်တွင် PNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန် ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ LuduNwayOoမတ် 22, 2024
သတင်း ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)ရဲဘော်များ စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူပြီး တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက် စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ LuduNwayOoမတ် 22, 2024
သတင်း ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ပထမအသုတ်ကို ထိုင်းအာဏာပိုင်များ ပြန်ပို့ KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။ LuduNwayOoမတ် 22, 2024
သတင်း လအိဆေးရုံကို စစ်ကောင်စီကတိုက်လေယာဥ်ဖြင့်ဗုံးကြဲ လအိပြည်သူ့ဆေးရုံသည်ရွေးကောက်ခံအရပ်သား အစိုးရလက်ထက်က နိုင်ငံတော်အစီမံဖြင့်တည်ဆောက်ခဲ့သောဆေးရုံဖြစ်ကြောင်းသိရသည်။ LuduNwayOoမတ် 22, 2024
မေးမြန်းခန်း “သေဆုံးသွားတဲ့ (စစ်တပ်က အဓမ္မစုဆောင်းစစ်သင်တန်းပေးပြီးစစ်တိုက်ခိုင်း၍သေဆုံးခဲ့တဲ့ရိုဟင်ဂျာလူငယ်) ပမာဏက ရာချီပြီး ၁၀၀ နဲ့ ၁၅၀ ကြားလောက်မှာရှိတယ်လို့ ခန့်မှန်းရပါတယ်” ရက္ခိုင့်တပ်တော်-AA ရဲ့ထိုးစစ်ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့တွေဆက်တိုက်လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုးရေးပြသာနာဖန်တီးဖို့လည်း ကြိုးစားနေပါတယ်။ LuduNwayOoမတ် 22, 2024
သတင်း ပေါင်းတည်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမတ် 19, 2024
သတင်း လားရှိုး ၊မိုးကုတ်၊သီပေါ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်မြို့နယ်တို့တွင်စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသူများကို ပြင်းထန်စွာ အရေးယူမည်ဟု TNLA ကထုတ်ပြန် TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။ LuduNwayOoမတ် 19, 2024
သတင်း ခရီးသွားရာတွင် ထောက်ခံစာပါမှ လက်မှတ်ရောင်းချရန် အဝေးပြေးယာဥ်လိုင်းများအား စစ်ကောင်စီ ဖိအားပေး မန္တလေးမြို့တွင်လည်း မြို့အထွက်၌ ခရီးသွားယာဥ်များအား စစ်ဆေးတင်းကျပ်နေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းသို့ကူးရာ ရတနာပုံတံတားနှစ်ဘက်လုံး၌ တင်းကျပ်စွာ စစ်ဆေးနေသည်ဟု စစ်ကိုင်းဒေသခံများက ပြောသည်။ LuduNwayOoမတ် 19, 2024
သတင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂ စိုးရိမ် ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာဒေကျေးရွာ ကို မတ် ၁၈ ရက်နံနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့်ရွာမှာနေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ LuduNwayOoမတ် 19, 2024
သတင်း ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ်တပ်စွဲထားသောဆောင်းပြောင်းရဲစခန်းအပါအဝင် စစ်စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက် PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ စခန်းများ သိမ်းပိုက်ရရှိမှု အခြေအနေကိုပြည့်ပြည့်စုံစုံသိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများထံမှ အတည်ပြုချက်ရယူရန် လူထုနွေဦးကဆက်သွယ်မေးမြန်းဆဲနေဖြစ်သည်။ LuduNwayOoမတ် 19, 2024