Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပိုမိုကြိုးပမ်းလာ၍ သတိပြုရန် ရက္ခိုင်ပြည်သူများအား AA သတိပေး

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

(စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ရက္ခိုင်ဒေသရှိ မွတ်ဆလင်လူမျိုးများ ထိခိုက်သေဆုံးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ရက္ခိုင်ဒေသရှိ မွတ်ဆလင်လူမျိုးများ ထိခိုက်သေဆုံးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️AAကို ဆန့်ကျင်သည့် ဆန္ဒပြပွဲအား ဘူးသီးတောင်၌ စစ်ကောင်စီက ကြိုးကိုင်လုပ်ဆောင်သကဲ့သို့ မောင်တော၌ထပ်လုပ်ရန် ကြိုးပမ်းနေဟု ဖော်ပြ

ရှိုင်း/People’s Spring

စစ်ကောင်စီအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် ထိလွယ်ရှလွယ်သော လူမျိုးရေး ဘာသာရေး ပဋိပက္ခများကို ဖြစ်ပေါ်အောင် ယခုရက်များအတွင်း ပိုမို အားစိုက်ကြိုးပမ်းနေကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ တိုက်ခိုက်၍ အရပ်သားပြည်သူများ သေဆုံးထိခိုက်မှု ဆက်လက်ရှိနေခြင်း၊ စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖန်တီးရန် ကြိုးပမ်းနေခြင်း၊ စစ်ကောင်စီက ရိုဟင်ဂျာများကို စစ်သားစုဆောင်းအသုံးပြုနေခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ကို ဖိတ်ခေါ်ကြောင်း ဖော်ပြသည့် အကြောင်းအရာများကို AAက ယနေ့ မတ်လ ၂၅ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၉ရက်က ဘူးသီးတောင်မြို့ အခြေစိုက် စကခ(၁၅)မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် AAက ကို ဆန့်ကျင်ကြောင်း ဖော်ပြသည့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မောင်တောမြို့၌လည်း အလားတူ ဆန္ဒ ပြပွဲ ပုံစံမျိုးကို ကျင်းပရန်ကြိုးစားနေကြောင်း သိရသည်ဟု AAက အသိပေးသည်။

ထို့ကြောင့် ရက္ခိုင်ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီက ဖြစ်စေချင်သည့် နိုင်ငံရေး ထောင်ချောက်အတွင်းသို့ သက်ဆင်းမကျသွားစေရန် နိုင်ငံရေးအသိ သမိုင်းထဲမှ အတွေ့အကြုံ သင်ခန်းစာများဖြင့် သတိထားနေထိုင်ကြရန် AAက သတိပေးသည်။

စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထား စောင့်ကြည့်ရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူမျိုးပေါင်းစုံကို အဓမ္မစစ်သားစုဆောင်းနေကြောင်း၊ ရက္ခိုင်ဒေသရှိ ဘင်္ဂလီလူမျိုးများကိုလည်း စစ်သားစုဆောင်းနေပြီး လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ရသေ့တောင် တိုက်ပွဲ၌ ဘင်္ဂလီလူမျိုးများကို တိုက်ပွဲများအတွင်း ထည့်သွင်း အသုံးပြုနေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

AAနှင့် စစ်ကောင်စီသည် လက်ရှိတွင် ပြင်းထန် သော တိုက်ပွဲများ ဆက်ရှိနေ၍ စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့် အဖွဲ့အစည်း မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်သည်။

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

ရက္ခိုင်ဒေသတွင်းရှိ လက်နက်ချ အညံ့မခံသေးသည့် လက်ကျန်စခန်းအားလုံးကို ထပ်မံ သိမ်းပိုက်ရရှိရေး ကြိုးပမ်းနေသကဲ့သို့ လက်ရှိ သိမ်းပိုက်ထားသည့် မြို့ရွာများ၏ တည်ငြိမ်ရေး အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အ၀၀ တို့ကို အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

AA အနေဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကို မဆို ကြိုဆိုပြီး လုံခြုံရေးပိုင်းကို AAက တာဝန်ယူသွားမည်ဖြစ်ကြောင်းဖော်ပြကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေးအတွက် AAနှင့် အတူ ပူးပေါင်းဆောင်ရွက်ရန်လိုလားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကဖေး/People’s Spring ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးမြို့တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီထောင်ထားခဲ့သည့်မြေမြုပ်မိုင်းများကို အာရက္ခတပ်တော်(AA)က ရှင်းလင်း ရေးလုပ်ဆောင်နေသည်။ သျှစ်သောင်းဘုရားနှင့် ကိုးသောင်းဘုရားများအနီးဝန်းကျင်တွင် မိုင်ရှင်လင်း‌ ရေးလုပ်ဆောင်နေခြင်းဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ မြောက်ဦးမြို့ကို AAက ၂၀၂၄ ဖေဖော်ဝါရီ၂၈ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ မသိမ်းပိုက်မီ တိုက်ပွဲများပြင်းထန်နေစဉ် ၂၀၂၃...

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး