Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကြောင့်စစ်ရှောင်နေရသူများကို စစ်ကောင်စီ၏အရံတပ်ဖွဲ့မှတဆင့် ထောက်ပံ့ကူညီစေမှု စစ်​ဘေး​ရှောင်ပြည်သူများ၏ခံစားချက်ကို ဥပေက္ခာပြုခြင်းဟု KNU ထုတ်ပြန်

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)

▪︎ ပိုင်ကျုံမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများအား အကူအညီများ ပေးဝေနေစဉ်စစ်ကောင်စီတိုက်လေယာဉ် ၁ စီး ကအင်အားပြခြိမ်းခြောက်ပျံသန်း

မြန်မာနိုင်ငံ၏ လူသားခြင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သည့် အကြပ်အတည်းသည် လူလုပ်အကြပ်အတည်း ဖြစ်ပြီး စစ်တပ်(စစ်ကောင်စီ)က ပြည်သူကို ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့ပြီး စစ်တပ်သည် လူသားခြင်း စာနာထောက်ထားမှု အကူအညီ အပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ရန် အစဉ် နည်းလမ်းရှာကြံနေသည်ဟု ဖော်ပြသည်။

ထိုင်းအစိုးရ၏ မတ်လ ၂၅ ရက်တွင် နယ်စပ်ဖြတ်​ကျော်​ပေးပို့​သော လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီပေးဝေမှုနှင့် ပတ်သက်၍ KNU ၏ ကြေညာချက်ကို ယနေ့ ထုတ်ပြန် ခဲ့ရာ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)

စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ လူနေအိမ်အတွင်း ဝင်ရောက်လုယက်၊ မီးရှို့ ဖျက်ဆီးမှုများတို့ကြောင့် KNU နယ်မြေများဖြစ်သော ဘားအံခရိုင်နဘူးမြို့နယ် ပိုင်ကျုံမြို့နယ် ၊ဒုံရင်းရင်းမြို့နယ်(သာမည) နယ်မြေများအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ဘေးရှောင် ဦးရေ ၂၀၀၀၀ ကို ရည်မှန်းသော လူသားချင်း စာနာမှု အကူအညီ ပစ္စည်းများကို ထိုင်းအစိုးရ၏ အစီအစဉ်ဖြင့် မတ်လ ၂၅ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲဆောက်- မြ၀တီချစ်ကြည်ရေးတံတား အမှတ်(၂)၌ ထိုင်းကြက်ခြေနီမှ တဆင့် မြန်မာကြပ်ခြေနီထံသို့ လွှဲအပ်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။

မိမိပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်တပ် အကျိုးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းက လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးအတွက် ကိုယ်စားပြုခြင်းသည် ဒုက္ခရောက်နေသည့် ပြည်သူ၏ စိတ်ခံစားချက်ကို ဥပေက္ခာ ပြုလိုက်ခြင်းဖြစ်သည်ဟု KNUက ​ဖော်ပြသည်။

ထိုင်းဘက်က ပေးသည့် ထောက်ပံ့ပစ္စည်းများကို ကရင်နယ်ခြားစောင့်တပ်(BGF)က မြ၀တီ -ကယ်ဂေါ် – သေ့ကတေ-သာယာကုန်း လမ်းကြောင်းမှ တဆင့် တာဝန်ယူ သယ်ဆောင်ပေးခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်မှ စစ်ဘက် တာဝန်ရှိသူ အချို့က ဝေငှမှုများကို စောင့်ကြည့်ရေးအတွက် အတူတကွ လိုက်ပါလာခဲ့ကြသည်ဟုသိရသည်။

KNU ဖားအံခရိုင်မှ တာဝန်ရှိသူများက ထောက်ပံ့ကူညီသည့် ပစ္စည်းအရေအတွက် ၃၈၇၄ ထုတ်ကို ကားတန်းနှင့်အတူ လိုက်ပါလာသည့် ထိုင်းစစ်ဖက်မှ တာဝန်ရှိသူ များထံမှ နဘူးမြို့နယ်တွင် လက်ခံရယူပြီးခရိုင်အဆင့် ကရင်ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ အကူအညီပေးရေးကော်မတီ(CIDKP) နှင့် ကျေးရွာလူမှု အဖွဲ့များထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြသည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူ နှစ်​သောင်း​ကျော်အတွက် အကူအညီများကို ထိုင်းက မတ် ၂၅ ရက်တွင် မဲ​ဆောက်မြို့တွင် လွှဲ​ပြောင်း​ပေးအပ်ပွဲပြုလုပ်စဥ်။ဓါတ်ပုံ- ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးဌာန)

CIDKP နှင့် ကျေးရွာ လူမှု အဖွဲ့အစည်းများတို့မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများတို့ကို အကူအညီပေးအပ်ရာတွင် နဘူးမြို့နယ်မှ တပါး ပိုင်ကျုံမြို့ နှင့် သာမည ဒုံရင်းမြို့နယ်တို့တွင် မမျှော်လင့်ဘဲ စစ်ကောင်စီ၏ တာဝန်ရှိသူများ နှင့် မြန်မာကြက်ခြေနီအသင်း တာဝန်ရှိသူများ ပါဝင်လာသော်လည်း KNU ခေါင်းဆောင်များကစိန်ခေါ်မှုများ ကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ငန်း ပြီးစီးအောင် ဖြန့်ဝေနိုင်ခဲ့သည်ဟု အသိပေးသည်။

မတ်လ ၂၆ရက်နေ့က ပိုင်ကျုံမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများအား လူသားခြင်းစာနာထောက်ထားမှု အကူအညီများ ပေးဝေနေစဉ် နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ လေတပ် တိုက်လေယာဉ် ၁စီးသည် ပိုင်ကျုံမြို့ပေါ် တွင်အင်အားပြ ခြိမ်းခြောက် ပျံသန်းပြသခဲ့၍ ကြောက်လန့်ပြီးထွက်ပြေးကြရသည့် စစ်ရှောင်များအတွက် များစွာစိတ်မကောင်း ဖြစ်ရသည်ဟုလည်း KNUက ဖော်ပြသည်။

စစ်ဘေးရှောင်နေရသည့် ပြည်သူများကို လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးဝေခြင်းအားဖြင့် ရန်ဘက် လူ့မှု အဖွဲ့အစည်းများအကြား ယုံကြည်မှုကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သော်လည်း ဘက်ပေါင်းစုံက သက်ဆိုင်သူများအကြား ပွင့်လင်းမြင်သာမှု နှင့် ညှိနှိုင်းတိုပင်မှု တို့ကို ပြုလုပ်ရန်မှာ လွန်စွာ အရေးကြီးပြီး ယင်းလုပ်ငန်းကြောင့် သက်ဆိုင်သူများအကြား ယုံကြည်မှု ထိခိုက်စေခြင်းသည် ပြဿနာကို ပို၍ နက်ရှိုင်းစေကြောင်းလည်း ထုတ်ပြန်သည်။

သတင်းအချက်အလက် ပြည့်စုံစွာ မရရှိမှုနှင့် စိန်ခေါ်မှုများ ရှိသော်လည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုနှင့် ပတ်သက်၍ ဒုက္ခရောက်နေသည့် ကရင်ပြည်သူများ ကိုယ်စား ထိုင်းအစိုးရကို အထူးကျေးဇူးတင်ရှိကြောင်း လည်း KNU က ထုတ်ပြန်ခဲ့သည်။

KNU သည် မြန်မာနိုင်ငံ၏ လူသားခြင်းစာနာထောက်ထားသည့် အကြပ်အတည်းနှင့် ပတ်သက်သည့် သင့်တော်သော အကူအညီပေးအပ်မှု ဆိုင်ရာ အဆိုပြု စဉ်းစားမှု အခြေခံ ကို ထိုင်းအပါအဝင် အာဆီယံနိုင်ငံများသို့ ပေးပို့ထားပြီးဖြစ်ရာ အဆိုပါ အဆိုပြု စဉ်းစားမှု အခြေခံအပေါ် သက်ဆိုင်ရာ အစိုးရများက အလေးအနက်ထည့်သွင်းစဉ်းစားပေးရန် တိုက်တွန်းထားသည်။

ထိုင်းအပါအဝင် အာဆီယံနိုင်ငံများထံ ​KNU ကပေးပို့ထားသည်ဆို​သော အဆိုပြုစဥ်းစားမှု အ​ခြေခံပါ အကြံပြုချက်များကို ရှင်းပြပေးရန် KNU ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တစ်နိုင်ငံလုံးနီးပါးက လူသားခြင်းစာနာထောက်ထားမှု အကူအညီ အရေးပေါ် လိုအပ်နေသည့် ယခုကဲ့သို့ ကာလတွင်ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု ၊ တာဝန်ခံမှု သက်ဆိုင်သူများ အကြား ဘက်ပေါင်းစုံမှ သတင်း အချက်အလက် မျှဝေမှုနှင့် ညှိနှိုင်း တိုင်ပင်မှုတို့ကို ပြုလုပ်ပြီးမှသာ ရှေ့ဆက် ကူညီထောက်ပံရေးကို စဉ်းစားကြရန် အလှူရှင်နိုင်ငံများတို့အား မေတ္တာရပ်ခံကြောင်းလည်း KNUက ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်တွင် စစ်​ကောင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှု ၊လက်နက်ကြီးများဖြင့်ပစ်ခတ်မှု ၊နယ်​မြေ လုံခြုံမှု မရှိ၍ ထွက်​ပြေး​နေ​သော စစ်​ဘေး​ရှောင် ပြည်သူ ခုနှစ်သိန်းခွဲ ​ကျော် ( ၇၅၀,၀၀၀) ရှိ​နေပြီဖြစ်​ကြောင်း KNUပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။