သတင်း မိုးဗြဲမြို့ရှိ စစ်ရှောင်ပြည်သူများနေရာကို စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် ယမန်နေ့ ည ၁၀ နာရီခန့်က မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုတွင် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoမေ 24, 2023
သတင်း ရခိုင်မုန်တိုင်းဘေးကူညီနေသည့် စာရေးဆရာကိုဝေဟင်အောင်အပါအဝင် ကူညီရေးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီ ဖမ်းဆီး ကိုဝေဟင်အောင် အပါအဝင် သုံးဦးသည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာသို့ ရေလှူရန် သွားရောက်စဉ် အမြင့်ကျွန်းကျေးရွာအနီး၌ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ဖမ်းဆီးခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး Border News Agencyက ဖော်ပြထားသည်။ LuduNwayOoမေ 23, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်း နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ခန့်သေဟု ကျားဖြူစစ်ကြောင်းအသိပေး ဒေသခံသတင်းရင်းမြစ်ကလည်း ရေးမြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားသည်ကို အရပ်သတင်းကြားရကြောင်း People’s Spring သို့ ပြောကြားသည်။ LuduNwayOoမေ 23, 2023
သတင်း ပဒူရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀၀ကျော် မီးလောင် တိုက်ပွဲများကြောင့် ပဒူရွာအနီးရှိ ကျေးရွာ (၈)ရွာထက်မနည်း တိမ်းရှောင်နေရပြီး မတော်တဆမှုများကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ LuduNwayOoမေ 23, 2023
သတင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝက ရုံးနှင့် စရဖ ရုံးတို့ကို မြို့ပြပြောက်ကျားအဖွဲ့က တပြိုင်နက်တိုက်ခိုက် ယနေ့တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးတနင်္သာရီ တိုင်းစစ်ဒေသခွဲမှ စစ်ရေးတာဝန်ခံတစ်ဦးက ဖြစ်စဥ်မှန်ကန်ပြီး သတင်းအသေးစိတ် မရရှိသေးကြောင်း People's Spring သို့အတည်ပြုထားသည်။ LuduNwayOoမေ 23, 2023
သတင်း ရေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု ဒေသခံပြော DVB သတင်းဌာန၏ ရေးမြောက်ပိုင်းတိုက်ပွဲ သတင်းဖော်ပြချက်တွင် စစ်ကောင်စီတပ်မှ ၃၀ဦးခန့်သေဆုံးခဲ့ကြောင်း ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ LuduNwayOoမေ 23, 2023
သတင်း ဖားကန့်တွင်စစ်ကောင်စီတပ်အရာရှိအချို့ ကားဖြင့် KTV သွားစဥ်မိုင်းဆွဲခံရ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင်ပြီးခဲ့သည့် ဧပြီလ ၂၃ရက်က စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ရောက်ရှိနေစဉ် တော်လှန်ရေးအင်အားစုများက ပစ်ခတ်ရှင်းလင်းခဲ့သည်။ LuduNwayOoမေ 23, 2023
သတင်း မုန်တိုင်းသင့်ဒေသတွေဆီ သွားလာခွင့် စစ်ကောင်စီထံက ကုလစောင့်ဆိုင်းနေရ မုန်တိုင်းဝင်ပြီး တစ်ပတ်ကြာချိန်မှာတော့ ထိခိုက်ပျက်စီးမှုအခြေအနေအားလုံးကို ရှင်းရှင်းလင်းလင်းသိနေရပြီလို့ ကုလက ဆိုပါတယ်။ LuduNwayOoမေ 23, 2023
သတင်း ထားဝယ်မြိုနယ်တွင် စစ်ကောင်စီတပ်အား PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ လေးဦးသေ လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အညာဖျားနှင့် ဥယျာဥ်ကြီးရွာကြားမှနေ၍ တပ်ပြန်ဆုတ်သွားကာ ပကာရီကျေးရွာနှင့် (၈)မိုင်အနီးဝန်းကျင်တို့တွင် ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။ LuduNwayOoမေ 23, 2023
သတင်း စစ်ကောင်စီခန့် တတိယမြောက် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက် တဲ့သည် ကြက်တိုက်လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပြီး ယနေ့ပစ်ခတ်ခံရမှုတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့်အတူ ကြက်ဝိုင်းသို့အသွား ၎င်း၏နေအိမ်အနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ LuduNwayOoမေ 23, 2023