Connect with us

Hi, what are you looking for?

သတင်း

တိမ်း​ရှောင်​နေရာမှ ရဲစခန်းတွင်ခံဝန်ထိုး​နေရန်ပြန်​သောအငြိမ်းစားကျောင်းဆရာကိုစစ်​ကောင်စီကဖမ်းဆီးနှိပ်စက်သတ်ဖြတ်

မန္တလေးတိုင်း၊တောင်သာမြို့၊ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်​နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People’s Spring သို့ပြောသည်။

(ဖမ်းဆီးသတ်ဖြတ်ခံရ​သော ဦး​သောင်းရီ ငယ်စဥ်ကပုံ)
(ဖမ်းဆီးသတ်ဖြတ်ခံရ​သော ဦး​သောင်းရီ ငယ်စဥ်ကပုံ)

တော်လှန်ရေးတွင်ပါဝင်ခဲ့သူများခံဝန်ဖြင့် ပြန်လည်နေထိုင်ရန် စစ်ကောင်စီ၏ ‌ကမ်းလှမ်းမှုကို ယုံကြည်သဖြင့် ရဲစခန်းသို့ သွားရောက်ခံဝန်ထိုးခဲ့သည့် တောင်သာမြို့မှ အငြိမ်းစား‌ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ​ဒေသခံများက​ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့၊ ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်​နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People’s Spring သို့ပြောသည်။

” ဆရာတို့လင်မယားနှစ်‌ယောက်က ရဲစခန်းကို သွားပြီး ခံဝန်ထိုးတာ။ ဆရာမကြီး(ဦးသောင်းရီ၏ဇနီး)ကိုပြန်လွှတ်ပြီးဆရာ့ကို ဖမ်းထားတာ။ ဖမ်းထားကတည်းကမိသားစုနဲ့အဆက်အသွယ်မရခဲ့ဘူး။ သေတာတောင်အလောင်းမရဘူး။ သူတို့ သဂြိုလ်ပြီးမှ လှမ်းအကြောင်းကြားတာ”ဟု​ဒေသခံတစ်ဦးက ပြောသည်။

ဆရာဦးသောင်းရီသည်ဒေသခံများ၏လေးစားခြင်းခံရသောအငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဟုသိရသည်။ စစ်ကောင်စီက ၎င်းအား ဖမ်းဆီးရန် ကြိုးစားရာ ဘေးလွတ်ရာတွင် လပေါင်းများစွာ တိမ်းရှောင်နေခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို​နောက်တော်လှန်ရေးတွင်ပါဝင်ခဲ့သူများခံဝန်ဖြင့် ပြန်လည်နေထိုင်ရန် ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီက ကြေငြာရာ ဆရာဦးသောင်းရီက ရွာသို့ပြန်လာပြီး ရဲစခန်းသို့‌သွားရောက်သတင်း​ပေး၍ခံဝန်ထိုးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဟု ဒေသခံများက ပြောသည်။

ဆရာဦးသောင်းရီနှင့် ဇနီးတို့မှာတောင်သာမြို့ရဲစခန်းသို့ မေလ ၆ ရက်တွင် သွားရောက်ခံဝန်ထိုးစဉ်ဖမ်းဆီးခံရပြီးမေလ ၁၈ ရက်နေ့မှာ သေဆုံးသည့်သတင်းထွက်လာ၍ သွားရောက်မေးမြန်းခဲ့ရာ စစ်​ကောင်စီရဲတပ်ဖွဲ့ကငြင်းဆန်ခဲ့သည်။သို့​သော် ဦး​သောင်ရီ သေဆုံးကြောင်းကို မေလ ၂၃ ရက်နေ့မှသာ ဇနီးဖြစ်သူကိုအကြောင်းကြားလာသည်ဟု​ဒေသခံများက​ပြောသည်။

“ဆရာကြီးသေတယ်ဆိုတာ လက်မခံနိုင်သေးဘူး။ မိသားစုဝင်‌တွေလည်း မယုံကြည်နိုင်ကြသေးဘူး။အခုကရုပ်အလောင်းတောင်မရဘဲ ဆွမ်းသွပ်ရတဲ့အခြေအ‌နေပါ”ဟု တောင်သာမြို့ခံတစ်ဦးကပြောသည်။

ဆရာ ဦးသောင်းရီတို့ ဇနီး​မောင်နှံမှာသားသမီးမထွန်းကားဘဲ တူ၊တူမများနှင့် အေးအေးဆေးဆေးနေထိုင်သူဟုဒေသခံများကပြောသည်။

” ဆရာကြီး ဦးသောင်းရီမှာ သားသမီးမရှိ အေးဆေးစွာနေတတ်သူဖြစ်ပြီး မတရားအာဏာသိမ်းမှု့ကို ဆန့်ကျင်ကာ တရားမျှတမှုရရှိရေးကြိုးပမ်းရင်းက စစ်ကြောရေးတွင် ကျဆုံးခဲ့ရခြင်းကြောင့် လေးစားဂုဏ်ယူဦးညွှတ်လိုက်ရပါသည်” ဟု တောင်သာမြို့လူထုလှုပ်ရှားမှု့ကော်မတီကလည်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီကို ယုံပြီး ခံဝန်သွားထိုးလိုက်တဲ့ သက်ကြီးရွယ်အိုဆရာကြီးဘဝက စိတ်မကောင်းဖြစ်ရတယ်။ ဒါကစစ်ရာဇဝတ်မှုပါ”ဟု တောင်သာမြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။