Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မြောက်ပိုင်း နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ခန့်သေဟု ကျားဖြူစစ်ကြောင်းအသိပေး

ဒေသခံသတင်းရင်းမြစ်ကလည်း ရေးမြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားသည်ကို အရပ်သတင်းကြားရကြောင်း People’s Spring သို့ ပြောကြားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျားဖြူစစ်ကြောင်း)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ကျားဖြူစစ်ကြောင်း)

မွန်ပြည်နယ် ရေးမြို့နယ်‌မြောက်ပိုင်း ဝါဘသဲကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ကျားဖြူစစ်ကြောင်း က ယနေ့ အသိပေးထုတ်ပြန်သည်။

ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)၊ တပ်ခွဲ (၆)တပ်ဖွဲ့ဝင်များက မေလ ၁၉ရက် ညနေ ၃နာရီခန့်တွင် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၉ဦး သေဆုံးခဲ့ကြောင်း ခန့်မှန်းဖော်ပြသည်။

တိုက်ပွဲမှာ ၁နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ မေလ ၂၀ရက် နံနက် ၈ နာရီခွဲတွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ ၂၀ရက်တိုက်ပွဲမှာ ဆုတ်ခွါထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းကို လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိလာချိန်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲမှာ ၃နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ခန့်မှန်းဖော်ပြထားသည်။

တိုက်ပွဲ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေသခံသတင်းရင်းမြစ်ကလည်း ရေးမြောက်ပိုင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြားသည်ကို အရပ်သတင်းကြားရကြောင်း People’s Spring သို့ ပြောကြားသည်။

“ပထမဆုံးဖြစ်တဲ့ တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ပြောကြတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ အဲဒီ ရွာသူရွာသားတွေကလည်း အနီးအနားမှာ မရှိဘူးဆိုတော့ တချို့က တဆင့်စကား တဆင့်ကြားလို့ တပ်ဘက်က အထိနာတယ်လို့ ပြောကြတယ်။ စကစက စစ်ကြောင်းထိုးဝင်တယ်ဆိုတော့ သူတို့ (ပူးပေါင်းစစ်ကြောင်း)ဂွင်ထဲရောက်သွားတဲ့သဘောလို့ ပြောကြတာပေါ့။ အဲဒီလို ဖြစ်လို့ တိုက်ပွဲထဲမှာ စကစဘက်က အထိနာတယ်လို့ ပြောကြတယ်။ အရပ်သတင်းတွေပေါ့”ဟု People’s Spring ၏ ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ရေးပြန်လည်တည်ငြိမ်နေပြီဖြစ်၍ စစ်ရှောင်များနေရပ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါဒေသ၌ ကျားဖြူစစ်ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။