Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု ဒေသခံပြော

စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)
(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့် ၅ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးသူ ၃၀ဦးထက်မနည်းရှိနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဗန်းမောက်နယ် ကြောင်လည်ရွာအနီးတွင် မေလ ၂၀ရက်စ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

“ကြောင်လည်မှာ ၅ရက်ကြာ တိုက်ပွဲဖြစ်တဲ့ အနေအထားမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၃၀ဦးထက်မနည်း ကျဆုံးတယ်ပေါ့။ ကြောင်လည်မှာတော့ တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်တွေလည်း ဗုံးလာကြဲတယ်။ ဆက်သွယ်ရေးတွေလည်း ဖြတ်တောက်ထားတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့တွင် ဗန်းမောက်နယ်၌ တိုက်ပွဲငြိမ်နေသော်လည်းဗန်းမောက် -အင်းတော် လမ်းတစ်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“အင်းတော်နယ်မှာ ဒီနေ့တိုက်ပွဲဖြစ်တယ်။ မကြာသေးခင်က လေယာဉ်နဲ့ဗုံးကြဲသွားတယ်။ ဗန်းမောက်ကို စစ်ကူလာတဲ့ စစ်ကြောင်းလို့ ယူဆရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ဗန်းမောက်၊အင်းတော်နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ဒေသခံ ပြည်သူများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။