သတင်း ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်းဖြင့် တိုက်ခိုက် ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီခန့်က ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းအား ကင်းပုန်းဝပ်၍ စစ်ကြောင်းထိုးပြန်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 11, 2023
သတင်း ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့ပြီး လူမျိုးရေးအထင်မှားစေရန်လုပ်နေဟု KNDF အသိပေး အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။ LuduNwayOoမတ် 11, 2023
သတင်း KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန် အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoမတ် 11, 2023
သတင်း မြင်းခြံတွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ရာ တစ်ဦးသေဆုံး ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ LuduNwayOoမတ် 11, 2023
သတင်း ဒီးမော့ဆိုအရှေ့ခြမ်းထိုးစစ်ဆင်သောစစ်တပ် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်သား၁၆ ဦးသေဟုKMIC ပြော ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင်ပင် စစ်ဘေးရှောင်ပြည်သူ၁၅၀၀၀ ကျော်ရှိနေပြီး ထပ်မံတိုးလာဦးမည်ဖြစ်ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။ LuduNwayOoမတ် 11, 2023
သတင်း ကျောက်မှော်ရွာမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoမတ် 11, 2023
သတင်း ဆင်ပေါင်ဝဲတွင် စစ်ကောင်စီက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ပြည်သူများဖမ်းဆီးသည့်အပြင် ရွှေထည်ပစ္စည်းများပါလုယူနေ ဒေသခံများပြော မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။ LuduNwayOoမတ် 11, 2023
သတင်း ရွှေဘိုနယ်တွင် မီးရှို့ခံရသည့်ကျေးရွာအား PDFများက အိမ်တိုင်များလှူဒါန်း စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၄၁လုံး ဆုံးရှုံးခဲ့ရသော ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာရှိ ပြည်သူများအား တစ်ထပ်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်တိုင်များ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။ LuduNwayOoမတ် 10, 2023
သတင်း ပေါက် PDFတပ်ရင်း(၄) ကင်းစခန်း စစ်ကောင်စီတပ် တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ဆုံးရှုံး မတ်လ ၉ရက်တွင် မိုင်းကွင်းများပတ်ပြီးလာရောက်သည့် စစ်ကောင်စီတပ်သည် ပေါက်မြို့နယ် ညောင်ဝန်းမြောက်စုကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoမတ် 10, 2023
သတင်း ထောင်ချထားသူတွေကို မိသားစုနဲ့ပေးတွေ့ဖို့ စစ်ကောင်စီကို ICRC တောင်းဆို အဲဒီတွေ့ဆုံမှုမှာ နေရပ်စွန့်ခွာသူတွေ ကို အကူအညီပေးဖို့ နဲ့ အကျဉ်းကျနေသူတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ဆွေးနွေးတယ်လို့စစ်ကောင်စီက ဆိုထားပါတယ်။ LuduNwayOoမတ် 10, 2023