Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်းဖြင့် တိုက်ခိုက်

ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီခန့်က ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းအား ကင်းပုန်းဝပ်၍ စစ်ကြောင်းထိုးပြန်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သောပါဆယ်မိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Burma Rangers)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သောပါဆယ်မိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Burma Rangers)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကြောင်းထိုးပြန်လာသော စစ်ကောင်စီတပ်အား ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း BurmaRangers (ShweBo) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ပြောကြားသည်။

ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီခန့်က ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းအား ကင်းပုန်းဝပ်၍ စစ်ကြောင်းထိုးပြန်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့နံနက် ၇ နာရီခန့်က ရွှေဘိုမြို့မှ ထွက်လာပြီး ညပိုင်း၌ တအုံကျေးရွာဘုန်းကြီးကျောင်းတပ်စွဲပြီး ညအိပ်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုဘက်ကို ခြေလျင်စစ်ကြောင်းဖြင့် ပြန်လာစဥ် ကြက်မွေးမြူရေးဇုန် နောက်ကျောရှိ လယ်ကွင်းများအတွင်း ဖြတ်ပြန်လာချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” သူတို့ စစ်ကြောင်းထိပ်တည့်တည့်ကနေ ပါဆယ်မိုင်းတင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မိုင်းကွင်းက သုံးပွိုင့်တင်ထားတာတာပါ။အစွန်ဆုံးမိုင်းနဲ့ အလယ်မိုင်းအကြားကနေအတန်းလိုက်ဖြတ်လျှောက်လာတာ။ ၁၀ယောက်ကတော့ မိုင်းကွင်းကိုကျော်သွားပြီး အလယ်ပိုင်းကနေလိုက်လာတာ။ မိုင်းခွဲပြီး သုံးကောင်ချက်ချင်းမှောက်ကျသွားတယ်။ တရွတ်တိုက်ပြီးဆွဲခေါ်သွားကြတာ။ ဒဏ်ရာအပြင်းအထန်ရတဲ့သူကတော့ ခြောက်ယောက်လောက်ရှိပါတယ်။”ဟု ၎င်းက ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ငယ်များ၊ စက်သေနတ်အသေးများအပြင် RPGတစ်လုံးဖြင့်ပြန်လည်ပစ်ခတ်သောကြောင့် လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း BurmaRangers (ShweBo)အဖွဲ့က ပြောသည်။

ထို့အပြင် ထိခိုက်သေဆုံးသူများနှင့် စစ်ကြောင်းအား ၆ဘီးကား စီးဖြင့် လာရောက်ခေါ်ဆောင်ကာ ရွှေဘိုမြို့သို့ ပြန်လည်မောင်းနှင်သွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။