Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ယူရမည်ဟု တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသည့် ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂဝံသသည် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ယူရမည်ဟု တော်လှန်ရေးအင်အားစုများက ယမန်နေ့တွင် သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် မြင်းမူမြို့နယ် လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂဝံသနှင့်အတူ တော်လှန်ရေး ရဲဘော် လူငယ် ၇ဦးကို အဓမ္မ ဖမ်းဆီးသွားခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဖော်ပြခဲ့သည်။

ပြည်ကြီးတံခွန်ဆရာတော် အရှင်အဂ္ဂဝံသ (ခ) ဦးဇင်း အောင်အောင်သည် အကြမ်းဖက် စစ်ကောင်စီတပ်ကို လူထုလှုပ်ရှားမှု နည်းနာများဖြင့် တစိုက်မတ်မတ်ဦးဆောင်၍ ဆန့်ကျင်တော်လှန်ခဲ့သည့်အပြင် စစ်ဘေးရှောင် ပြည်သူများကိုလည်း စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ကြောင်း GSCB က ဆိုသည်။

ထို့ကြောင့် ပြည်ကြီးတံခွန်ဆရာတော် အပါအဝင် အဓမ္မဖမ်းဆီးခံထားရသူ အားလုံးအတွက် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ပြည်သူများက အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး အဖမ်းအဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက် အားလုံးအတွက် အကြမ်းဖက် စစ်အုပ်စုက အလုံးစုံ တာဝန်ယူ၊တာဝန်ခံရမည် ဖြစ်ကြောင်း GSCB က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

ထို့အပြင် ဆရာတော်နှင့်အတူ ဖမ်းဆီးခံရသည့် ရဲဘော်လူငယ် ၇ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းများ ကြားသိရသော်လည်း ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်းလည်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။

ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့်တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်းလည်း သံဃသမဂ္ဂ (မန္တလေး) အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။