Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ယူရမည်ဟု တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရသည့် ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂဝံသသည် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ယူရမည်ဟု တော်လှန်ရေးအင်အားစုများက ယမန်နေ့တွင် သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် မြင်းမူမြို့နယ် လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂဝံသနှင့်အတူ တော်လှန်ရေး ရဲဘော် လူငယ် ၇ဦးကို အဓမ္မ ဖမ်းဆီးသွားခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဖော်ပြခဲ့သည်။

ပြည်ကြီးတံခွန်ဆရာတော် အရှင်အဂ္ဂဝံသ (ခ) ဦးဇင်း အောင်အောင်သည် အကြမ်းဖက် စစ်ကောင်စီတပ်ကို လူထုလှုပ်ရှားမှု နည်းနာများဖြင့် တစိုက်မတ်မတ်ဦးဆောင်၍ ဆန့်ကျင်တော်လှန်ခဲ့သည့်အပြင် စစ်ဘေးရှောင် ပြည်သူများကိုလည်း စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ကြောင်း GSCB က ဆိုသည်။

ထို့ကြောင့် ပြည်ကြီးတံခွန်ဆရာတော် အပါအဝင် အဓမ္မဖမ်းဆီးခံထားရသူ အားလုံးအတွက် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ပြည်သူများက အလွန်အမင်း စိုးရိမ်ပူပန်နေကြပြီး အဖမ်းအဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက် အားလုံးအတွက် အကြမ်းဖက် စစ်အုပ်စုက အလုံးစုံ တာဝန်ယူ၊တာဝန်ခံရမည် ဖြစ်ကြောင်း GSCB က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

ထို့အပြင် ဆရာတော်နှင့်အတူ ဖမ်းဆီးခံရသည့် ရဲဘော်လူငယ် ၇ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ရက်စက်စွာ သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းများ ကြားသိရသော်လည်း ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်းလည်း သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်ထားသည်။

ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ်ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့်တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်းလည်း သံဃသမဂ္ဂ (မန္တလေး) အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။