Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုအ​ရှေ့ခြမ်းထိုးစစ်ဆင်​သောစစ်တပ် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်သား၁၆ ဦး​သေဟုKMIC ​ပြော

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC
​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC

▪︎စစ်တပ်က​ဒေသခံပြည်သူ ၁၁ ဦးကိုဖမ်းဆီး၍လမ်းပြခိုင်း

▪︎ဒီး​မော့ဆိုအ​ရှေ့ခြမ်းတွင်စစ်​​ရှောင်ပြည်သူ၁၅၀၀၀ ဦး​ကျော်ရှိ​နေ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်​ပေါင်းစုများ ယမန်​နေ့ကတိုက်ပွဲများ စတင်ဖြစ်ပွားရာ စစ်သား ၁၆ ဦးသေဆုံးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC က ယနေ့ ထုတ်ပြန်သည်။

ဒီးမောဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(မတ်လ ၁၀ရက်) နံနက် ၆ နာရီခန့်တွင် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့ တို့ ဒေါသဲရွာအတွင်း စတင်တိုက်ခိုက်ခဲ့သည်။

တစ်နာရီကြာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ(၁၄)ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရရှိခဲ့ကြောင်း KMIC က ဖော်ပြသည်။

“ဒီနေ့လည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ”ဟု ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ရှိ မြေပြင် တိုက်ပွဲဝင်နေသည့် ရဲဘော်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်​ကြောင်းထိုးလာ၍ ပြည်သူများ​ထွက်​ပြေးတိမ်း​ရှောင်နိုင်ရန် ကူညီ​နေကြသူများ။ဓါတ်ပုံ-KMIC
စစ်တပ်စစ်​ကြောင်းထိုးလာ၍ ပြည်သူများ​ထွက်​ပြေးတိမ်း​ရှောင်နိုင်ရန် ကူညီ​နေကြသူများ။ဓါတ်ပုံ-KMIC

ထို့အတူ ယမန်နေ့မှာပင်ဒီးမောဆိုအရှေ့ခြမ်း၊ ဒေါတမြေးရွာ၏ အရှေ့ဖက် တောင်ပေါ်သို့ တက်လာသော စစ်တပ်အား ကရင်နီတပ်မတော် စောင့်ကြို၍ ပြောက်ကျား ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှနှစ်ဦးထပ်မံသေဆုံးကြောင်း လည်းအသိပေးသည်။

တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ထိုအပြင်မတ်လ ၁၀ ရက် နံနက် ၁၀ နာရီခန့်တွင်လည်း ဘောလခဲဖက်မှ တက်လာသောစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းအား ဒီးမော့ဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ ဒေါတမကြီး အုပ်စု၊ ဒေါညေးခူရွာ၏တောင်ဖက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိခိုက်​မှုရှိသော်လည်း အတိအကျ မသိရသေး​ကြောင်း​ဖော်ပြထားသည်။

စစ်တပ်စစ်​ကြောင်းထိုးလာ၍ ပြည်သူများ​ထွက်​ပြေးတိမ်း​ရှောင်နိုင်ရန် ကူညီ​နေကြသူများ။ဓါတ်ပုံ-KMIC
စစ်တပ်စစ်​ကြောင်းထိုးလာ၍ ပြည်သူများ​ထွက်​ပြေးတိမ်း​ရှောင်နိုင်ရန် ကူညီ​နေကြသူများ။ဓါတ်ပုံ-KMIC

မတ်လ ၉ ရက် နံနက်ပိုင်းတွင် ဘောလခဲမြို့မှ ခမ ရ(၄၂၉)တပ်ရင်းနှင့် အမှတ်(၇၇) ခြေမြန်တပ်ရင်း ထုတ်နုတ်တပ် အပါအဝင် စုစုပေါင်းအင်အား(၂၀၀)ခန့်သည် ဒေါတမကြီးအုပ်စုဖက်သို့ ဦးတည်၍ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ကို ကြိုတင်သတင်းကြားသိရသဖြင့် ဒေါတမကြီးကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း(၇)ရွာမှပြည်သူ လူထု(၅,၀၀၀)ခန့်တို့သည် တနိုင်စာရိက္ခာနှင့် ပစ္စည်းများပြင်ဆင်လျက် လုံခြုံသည့်နေရာဟု ယူဆရသည့် စစ်ဘေးရှောင်စခန်းသို့ အလုအယက်ထွက်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

မတ်လ ၇ ရက်က ဘောလခဲစစ်ဗျူဟာမှ အင်အား (၇၀)ခန့်ရှိသည့် စစ်ကြောင်း တစ်ကြောင်းသည် ဒေါတမကြီးအုပ်စုသို့ ဦးတည်လျက်ထိုးစစ်ဆင်လာသည့် စစ်ကြောင်းသည်လည်း လမ်းတွင်တွေ့ရှိသည့် တောင်ယာခင်းနှင့် တောင်ယာတဲအတွင်းတွေ့ရှိသူမှန်သမျှကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးလူကြီး၊ လူငယ်အမျိုးသမီး အပါအဝင် ၁၄ ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူများအနက်အမျိုးသမီးတစ်ဦးနှင့်ကလေးငယ်(၂)ဦးကို ပြန်လည်လွတ်ပေး ခဲ့သော်လည်း အမျိုးသား(၁၁)ဦးမှာ ယနေ့အထိဖမ်းဆီး ခေါ်ဆောင်သွားဆဲဖြစ်ကြောင်း သိရသည်။

ကရင်နီတပ်မ​တော်( KA) မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC
ကရင်နီတပ်မ​တော်( KA) မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KMIC

စစ်ကောင်စီတပ်သည် ထိုးစစ်ဆင်ရန်နှင့် နယ်မြေရှင်းလင်းရေးပြုလုပ်နိုင်ရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက လူအင်အား၊ လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းထားခဲ့သည်ဟုလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးဆုံးပါက စစ် ကောင်စီက ဂျက်လေယာဉ်များဖြင့်ပါ ဒီးမောဆိုအရှေ့ခြမ်းဒေသတွင် စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် ပျံ့နှံနေသောသတင်းတစ်ခုကြောင့် ​ဒေသခံပြည်သးလူထုမှာ စိုးရိမ်ပူပန်မှုဖြစ်နေရကြောင်းKMIC ကဖော်ပြထားသည်။

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။