Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ရာ တစ်ဦးသေဆုံး

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၉ ရက် ည ၁၁နာရီခန့်က မြင်းခြံမြို့ နာရီစင်အနီးတွင် စိတ်ကျန်းမာရေးမကောင်း၍ သီချင်းဆိုကခုန်သွားလာနေသူ အမျိုးသား နှစ်ဦးကို အ.ထ.က(၁) ကျောင်းရှေ့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

“သေဆုံးတဲ့သူက ဆန္ဒတော်ပြည့်ဘုရားရှေ့မှာ သီချင်းဆို၊က နေလေ့ရှိတဲ့ စိတ်ကျန်းမာရေးမကောင်းသူလို့ သိရပါတယ်”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မြင်းခြံမှာက နေ့ခင်းမှာကို တအားစစ်တယ်။ ဆိုင်ကယ်နှစ်ယောက်ပူးမစီးရတာတွေလည်း ကန့်သတ်ထားတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

မြင်းခြံမြို့သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအင်အားကောင်းရာ မြို့တစ်မြို့ဖြစ်ပြီး မတ်လ ၆ ရက် ညနေ ၅နာရီခန့်ကလည်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က မြို့အဝင်ရှိ ခမရ(၁၅) တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook