Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ (မန္တလေး) သတိပေး

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

(စစ်ဘေးရှောင်များအားကူညီစဥ်က တွေ့ရသည့် ပြည်ကြီးတံခွန်ဆရာတော်။ ဓာတ်ပုံ- သံဃသမဂ္ဂ(မန္တလေး))
(စစ်ဘေးရှောင်များအားကူညီစဥ်က တွေ့ရသည့် ပြည်ကြီးတံခွန်ဆရာတော်။ ဓာတ်ပုံ- သံဃသမဂ္ဂ(မန္တလေး))

ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။

ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂသည် မတ်လ ၅ ရက်က မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သတင်းကြားရကြောင်း သံဃသမဂ္ဂ (မန္တလေး)ကအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂနှင့်အတူ တော်လှန်ရေး ရဲဘော် ၇ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်များသတ်ဖြတ် အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းရကာ ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ် ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) အသိပေးကြေငြာချက်ထုတ်ပြန်သည်။

“ဆရာတော်သတင်းတွေတော့ကြားတယ်။ ဖုန်းကလည်းဆက်လို့မရဘူး။ ဆရာတော်က ကျွန်တော် တို့နဲ့လည်းအဆက်အသွယ်ရှိပြီး စစ်ဘေးရှောင်တွေကို ကူညီနေတာ။”ဟု စစ်ကိုင်းအ​ခြေစိုက် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။