သတင်း ကလေးမြို့တွင် ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲ စစ်ကောင်စီကင်းစခန်းတစ်ခုက သေနတ်ဖြင့်ပစ်၍ အရပ်သားပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ထားသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း စစ်သား ၅ဦးသေခဲ့သော ဗန်းမောက်မြို့နယ်တိုက်ပွဲတွင်ဖမ်းဆီးရမိသောစစ်သား ၅ ဦးဓါတ်ပုံကိုထုတ်ပြန် ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲကြောင့်နှင့် လုံခြုံရေးအခြေအနေတို့ကြောင့်ယနေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ဒီပဲယင်းအရှေ့ခြမ်းရွာအချို့အားတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ပြီး စစ်ကြောင်းထိုးဝင်ရောက် ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုဆက်လုပ်ပါက တိုက်ပွဲဆက်ဖြစ်မည်ဟု မတူပီ CDFပြော မတူပီ CDF၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ လေးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း KIAနှင့် PDFပူးပေါင်းတိုက်ခိုက်မှုကြောင့် ဗန်းမောက်တောင်ပိုင်း၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ထားဝယ်မြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၁၀ဦးကျော်ကို KNDO နှင့် PDF များဖမ်းမိ ထိုပြင်သရက်ချောင်းမြို့တိုက်ပွဲတွင်လည်းတိုက်ပွဲများပြင်းထန်နေရာ ဇူလိုင်၁၂ ရက်က စစ်ကောင်စီတပ်ကားကို ဒေသခံPDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်းNUG ကထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း ပုလောမြို့နယ်တိုက်ပွဲတွင် PDFတပ်ခွဲမှူးတစ်ဦးနှင့်KNDO တပ်စိတ်မှူးတစ်ဦးကျဆုံး ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း မတူပီတိုက်ပွဲသေဆုံး စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်အောက်များ၌ပစ်ထားခဲ့ဟု CDF ထုတ်ပြန် မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း ဖယ်ခုံမြို့တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေ ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 13, 2022
သတင်း ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ပွဲနားချိန်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက "အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။"ဟု ပြောကြားသည်။ LuduNwayOoဇူလိုင် 13, 2022