Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ရွာသာရွာကို မီးဝင်ရှို့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ မီးငြှိမ်းသတ်ပေး

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။

(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)
(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွာသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တ​ပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နယ်မြေဒေသခံ များနှင့် ဒေသတွင်းပြည်သူ့​ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့ရ သည်။

ယနေ့(သြဂုတ်၈ရက်) ညနေ ၄နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာသာရွာမှ အင်အား၂၅ ဦးခန့်ပါ စစ်ကောင်စီစစ်တပ်သည် စက်လှေငယ် နှစ်စီးဖြင့် မြစ်တစ်ဖက်ကမ်း ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာသ်ို့ ကူးလာခဲ့သည်။

အဆိုပါအဖွဲ့မှ ၁၂ဦးသည် ကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကာ အရှေ့ဘက်ကမ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း Tiger King အဖွဲ့က ပြောသည်။

(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)
(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၅ လုံး ၊ နွားစာတဲ ၂ လုံး ၊ မီးဖိုဆောင် ၃ လုံး မီးလောင်ပျက်စီးခဲ့သည်။ထို့အပြင် ညနေ ၄နာရီ ၃၅မိနစ်ခန့်တွင် နယ်မြေခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြပြီး အခြားအိမ်များသို့ မီးကူးခဲ့ခြင်း မရှိကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့သည့် Tiger King အဖွဲ့ တာဝန်ရှိသူက “စကစတွေက ဒီဘက်နယ်မှာ အင်အားက တိုးထားတယ်။ သင်္ဘော ၆စီး မန္တ​လေး​ဘက်ကတက်လာတယ်။ တိုက်ပွဲလည်းမဖြစ်ပါဘူး အဲရွာက။ မြစ်တကြောကတော့ မကြာခဏဆိုသလို ဝင်မွှေတက်ပါတယ်ဗျ။”ဟု ပြောသည်။

(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)
(ရွာသာရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Tiger King)

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။

စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့ရှိ ဧရာဝတီမြစ်တွင်း ကျွန်း​ပေါ်ကျေးရွာများနှင့် မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်များရှိ မြစ်ဘေးကျေးရွာများကို မကြာခဏ ဝင်ရောက်အကြမ်းဖက်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။