Connect with us

Hi, what are you looking for?

သတင်း

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ဇူလိုင်တစ်လအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) နဲ့ KNLA KNDO တို့အကြား တိုက်ပွဲပေါင်းနှစ်ရာကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လတလတာအတွင်းက တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တို့ဘက်မှာတော့ (၁၂)ဦး ကျဆုံးခဲ့ရပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ဒါ့အပြင် စစ်ကောင်စီရဲ့လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၉)ဦး သေဆုံးခဲ့ရပြီး ၂၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေမှာ ဇူလိုင်လအတွင်း စစ်ကောင်စီ BGF တပ်နဲ့ KNLA KNDO တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု(၂၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ BGF ဘက်က (၂၄)ဦးသေဆုံးကာ (၄၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကားရှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတိုင်းမှာ စစ်ကောင်စီ BGF ဘက်က ပြည်သူလူထုနေထိုင်ရာကျေးရွာနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံပြည်သူ (၉၄၇၆၈)ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-တောအူးခရိုင် တပ်မဟာ ၂ နယ်မြေထဲမှာတော့ တိုက်ပွဲပေါင်း(၃၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၈၇)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကားနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေရှိတဲ့အပြင် ပြည်သူလူထုသွားလာရာလမ်းတွေပေါ်မှာ စစ်ကောင်စီကမြေမြုပ်မိုင်းတွေထောင်ထားတဲ့အတွက် ဒေသခံပြည်သူတွေမိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNL KNDO တပ်တို့အကြား တိုက်ပွဲပေါင်း(၄၂)ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးပြီး (၅၀)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကားခြောက်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ခုနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်က အရပ်သားပြည်သူရှစ်ဦးကိုလည်း ပစ်သတ်ခဲ့တဲ့အပြင် တစ်ဦးကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်ခုနှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်(၂၂)လုံးနဲ့ ဆိုင်ကယ်စက်ဘီး (၃၅)ကို မီးရှို့ဖျက်ဆီးခဲ့ကာ အရပ်သား(၃၉)ဦးကို ဖမ်းဆီးချုပ်နှောင် ထိုးကြိတ်ရိုက်နှက်သလို လူသားဒိုင်းအဖြစ် ခိုင်းစေအသုံးပြုခဲ့ကြသေးတာပါ။

ကေအဲန်ယူ-ခလယ်လွီထူခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ရန်ကို ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဦးရေ (၆၁၈၉၈)ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေမှာတော့ ထိတွေ့ပစ်ခတ်မှုပေါင်း(၁၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က(၃၁)ဦးသေဆုံးကာ (၄၀)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ကာ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကိုးဦးကို အတင်းအဓမ္မဖမ်းဆီးကာ လမ်းပြအဖြစ်အသုံးပြုခဲ့ကြပြီး ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုများစွာရှိတယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ မှာတော့ ထိတွေ့ပစ်ခတ်မှု(၁၁၀)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၉၅)ဦးသေဆုံးကာ (၅၅)ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ကာ ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ထွက်ပြေးနေရတဲ့ ပြည်သူများစွာရှိတယ်လို့ သိရပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲပေါင်း(၃၅)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၇၅)ဦးသေဆုံးကာ (၇၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၁၀)လုံးနဲ့ စျေးဆိုင်တစ်ဆိုင်ကို ထိမှန်ပျက်စီးခဲ့ကာ ဒူးပလာယာခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုထုများစွာရှိတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကြောင့် နယ်မြေ၊ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက် KNLA KNDO တပ်တို့ဟာ စစ်ရေးလှုပ်ရှားမှုကိုပြန်လည်ခုခံလှုပ်ရှားခဲ့ရပြီး ထိတွေ့ပစ်ခတ်မှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။