Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ဇူလိုင်တစ်လအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ်(BGF) နဲ့ KNLA KNDO တို့အကြား တိုက်ပွဲပေါင်းနှစ်ရာကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် BGF ဘက်က (၃၈၆)ဦးသေဆုံးခဲ့ကာ (၂၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လတလတာအတွင်းက တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တို့ဘက်မှာတော့ (၁၂)ဦး ကျဆုံးခဲ့ရပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ဒါ့အပြင် စစ်ကောင်စီရဲ့လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူလူထုပေါင်း (၁၉)ဦး သေဆုံးခဲ့ရပြီး ၂၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေမှာ ဇူလိုင်လအတွင်း စစ်ကောင်စီ BGF တပ်နဲ့ KNLA KNDO တပ်တို့အကြား ထိတွေ့ပစ်ခတ်မှု(၂၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ BGF ဘက်က (၂၄)ဦးသေဆုံးကာ (၄၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကားရှစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတိုင်းမှာ စစ်ကောင်စီ BGF ဘက်က ပြည်သူလူထုနေထိုင်ရာကျေးရွာနဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့ရပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံပြည်သူ (၉၄၇၆၈)ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-တောအူးခရိုင် တပ်မဟာ ၂ နယ်မြေထဲမှာတော့ တိုက်ပွဲပေါင်း(၃၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၈၇)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကားနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေရှိတဲ့အပြင် ပြည်သူလူထုသွားလာရာလမ်းတွေပေါ်မှာ စစ်ကောင်စီကမြေမြုပ်မိုင်းတွေထောင်ထားတဲ့အတွက် ဒေသခံပြည်သူတွေမိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNL KNDO တပ်တို့အကြား တိုက်ပွဲပေါင်း(၄၂)ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးပြီး (၅၀)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကားခြောက်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ခုနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်က အရပ်သားပြည်သူရှစ်ဦးကိုလည်း ပစ်သတ်ခဲ့တဲ့အပြင် တစ်ဦးကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်ခုနှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်(၂၂)လုံးနဲ့ ဆိုင်ကယ်စက်ဘီး (၃၅)ကို မီးရှို့ဖျက်ဆီးခဲ့ကာ အရပ်သား(၃၉)ဦးကို ဖမ်းဆီးချုပ်နှောင် ထိုးကြိတ်ရိုက်နှက်သလို လူသားဒိုင်းအဖြစ် ခိုင်းစေအသုံးပြုခဲ့ကြသေးတာပါ။

ကေအဲန်ယူ-ခလယ်လွီထူခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ရန်ကို ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဦးရေ (၆၁၈၉၈)ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ နယ်မြေမှာတော့ ထိတွေ့ပစ်ခတ်မှုပေါင်း(၁၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က(၃၁)ဦးသေဆုံးကာ (၄၀)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ကာ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကိုးဦးကို အတင်းအဓမ္မဖမ်းဆီးကာ လမ်းပြအဖြစ်အသုံးပြုခဲ့ကြပြီး ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုများစွာရှိတယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ကေအဲန်ယူ-မူတြော်ခရိုင် တပ်မဟာ ၅ မှာတော့ ထိတွေ့ပစ်ခတ်မှု(၁၁၀)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၉၅)ဦးသေဆုံးကာ (၅၅)ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ကာ ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ထွက်ပြေးနေရတဲ့ ပြည်သူများစွာရှိတယ်လို့ သိရပါတယ်။

BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ
BGF နဲ့ KNLA KNDO ကြား တစ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှုတွေရှိ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲပေါင်း(၃၅)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၇၅)ဦးသေဆုံးကာ (၇၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၁၀)လုံးနဲ့ စျေးဆိုင်တစ်ဆိုင်ကို ထိမှန်ပျက်စီးခဲ့ကာ ဒူးပလာယာခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုထုများစွာရှိတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေတာကြောင့် နယ်မြေ၊ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက် KNLA KNDO တပ်တို့ဟာ စစ်ရေးလှုပ်ရှားမှုကိုပြန်လည်ခုခံလှုပ်ရှားခဲ့ရပြီး ထိတွေ့ပစ်ခတ်မှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။