Connect with us

Hi, what are you looking for?

သတင်း

မြင်းမူ PGCအဖွဲ့ ရဲဘော်ရှစ်ဦး တိုက်ပွဲတစ်ခုတွင် ကျဆုံး

‘ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်’ဟု ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

ကျဆုံးရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-PGC-MMU
ကျဆုံးရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-PGC-MMU

စစ်ကိုင်းတိုင်း၊ မြင်းမူအခြေစိုက် People’s Guerillas Commando – Myinmu အဖွဲ့မှ ရဲဘော် ရှစ်ဦး သြဂုတ် ၄ရက်က တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့သည်။

People’s Guerillas Commando – Myinmu အဖွဲ့မှ ခေါင်းဆောင် ဗိုလ်ထိုက်ကြီး (ခ) က်ိုသိန်းထ်ိုက်၊ ရဲဘော် A19 (ခ) ကိုသူရိန် ၊ ရဲဘော် ကိုဖြိုး ၊ ရဲဘော် မိုဟိန်း (ခ) မျိုးမင်းဟိန်း ၊ ရဲဘော် မိုးဒီ (ခ) ကျောက်စိမ်း ၊ ရဲဘော် အောင်ဖြိုးမင်း ၊ ရဲဘော် ဖြိုးဝေကျော် ၊ ရဲဘော် ငယ်လေး (ခ) နိုင်ဇင်ဖြိုးတို့သည် သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က သြဂုတ် ၈ရက်တွင် ထုတ်ပြန်အသိပေးသည်။

ကျဆုံးသူများသည် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး အချိန်မှစ၍ နွေဦးတော်လှန်ရေးတွင် ရဲရဲဝင့်ဝင့် တော်လှန်ခဲ့ကြသော ရဲဘော်များဖြစ်ကြောင်း၊ ရဲဘော်တို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ကိုပေးလှူရင်း ကျဆုံးခဲ့ရသော်လည်း သမိုင်းတွင် ကျန်ရစ်မည့် နွေဦးတော်လှန်ရေး သူရဲကောင်းများအဖြစ် လေးစားဂုဏ်ယူမိကြောင်း PGC-MMU အဖွဲ့က ရေးသားသည်။

ကျဆုံးသွားသော PGC-MMU အဖွဲ့၏ နွေဦးတော်လှန်ရေး သူရဲကောင်းများအား ကြေကွဲဝမ်းနည်းစွာဖြင့် အလေးနီပြုအပ်ကြောင်း၊ ရဲဘော်တို့ ကျဆုံးခြင်းသည် အချည်းနှီးမဖြစ်စေရဘဲ ရဲဘော်တို့ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့သမျှအတွက် ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာဖြင့် ရဲဘော်တို့ ပေးအပ်ခဲ့သည့် တာဝန်များ အားလုံး နှင့် ရဲဘော်တို့ လိုချင်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်နိုင်သည်အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း ဆက်လက် တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း PGC-MMU အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

‘ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်’ဟု ကျန်ရစ်သူ People’s Guerillas Commando – Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

သို့သော် မည်သည့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်ကိုမူ PGC-MMU အဖွဲ့က အသိပေးထားခြင်းမရှိပါ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။