Connect with us

Hi, what are you looking for?

သတင်း

ရေဦးနယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေ

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ယခုခုနှစ်ဆန်းပိုင်း က တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်များအား ယခုခုနှစ်ဆန်းပိုင်း က တွေ့ရစဥ်။ဓာတ်ပုံ-CJ)

လေကြောင်းပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ယနေ့နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုပါပြုလုပ်နေသော်လည်း ၎င်းတို့ဘက်က အကျအဆုံးများပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့နံနက်ပိုင်းမှစတင်ကာ ဒီပဲယင်းမြို့နယ်နှင့် ရေဦးနယ်အစပ်ရှိ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ စသည့်ကျေးရွာများအား လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ကျေးရွာများမှ ပြ​ည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

“ရွာသစ်ဘုန်းကြီးကျောင်းနဲ့ ပြည်သူအချို့ ထိခိုက်တာတွေရှိကြောင်း စိတ်မကောင်းစွာ သိရှိရပါတယ်။”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်အုပ်စုသည် ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ မူးကမ်း-ဆူးတပ်ရွာများကို မီးရှို့ခဲ့ကြသည့်အဖွဲ့များဖြစ်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထွက်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးနယ်အနီးရှိ ဒီပဲယင်းမြို့နယ်၊ မူးကမ်းရွာကို ထပ်မံမီးရှို့ဖျက်ဆီး နေပြီး ၃ရက်မြောက် မီးတင်ရှို့နေခြင်းဖြစ်သောကြောင့် ရွာလုံးကျွတ်နီးပါး ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook