Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်မင်းရွာသုံးရက်ဆက်တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် ၃၈ ဦးသေဟု BRTF ​ပြော

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲကြီးတိုက်ထား၍ ပြည်သူများက လက်နက်ခဲယမ်းအတွက်အကူအညီ​ပေးကြရန်လည်းလည်းBRTF က​မေတ္တာရပ်ခံသည်။

မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF
မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF

●စစ်ကြောင်းမှူးအလောင်းအား ရဟတ်ယာဥ်ဖြင့်သယ်သွားပြီ၊တပ်သားအ​လောင်းများကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာတွင်သုံးရက်ဆက်တိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်၃၈ဦးသေဆုံးခဲ့ပြီးစစ်ကြောင်းမှူးတစ်ဦးလည်းပါဝင်ကာ ၎င်းအလောင်းအား ရဟတ်ယာဥ်ဖြင့်လာသယ်သွားကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော် BRTF-Burmese Revolutionary Technical Front မှတာဝန်ရှိသူကပြောသည်။

သြဂုတ်လ၄ရက်နေ့မှ ၆ရက်နေ့အထိ မင်းရွာ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၃၈ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်က စုစုပေါင်း ရဲဘော်၆ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော်ကအသိပေးသည်။

စစ်သားအ​လောင်းများကို အိမ်အချို့တွင် အိမ်နှင့်အတူမီးရှို့ ခဲ့သည်။ ။ဓါတ်ပုံ-BRTF
စစ်သားအ​လောင်းများကို အိမ်အချို့တွင် အိမ်နှင့်အတူမီးရှို့ ခဲ့သည်။ ။ဓါတ်ပုံ-BRTF

BRTF အဖွဲ့ တာဝန်ရှိသူက “မင်းရွာ သုံးရက်တာတိုက်ပွဲအပြီး နမခဖရဲသီးသတင်းအရ စစ်​ွေး ၃၈ ကောင် သေဆုံးတယ်။ အတိအကျ မနေ့ညနေပိုင်းကမှထပ်ရတာဗျ။ အဲဒီတိုက်ပွဲမှာ စစ်ကြောင်းမှူးတစ်ဦးလည်းသေဆုံးတယ်လို့သိရပြီး နာမည်က မိုက်ကယ်ဒိန်းဂျားလို့ သိရပါတယ်။မင်းရွာအဝင်မှာ အတွယ်ခံရတာ စစ်ကြောင်းမှူးပါမှန်းအစကမသိဘူး။လေယာဥ်နဲ့တော့ ပုံမှန်စစ်သားတစ်ယောက်လောက်ကို လာမကောက်လောက်ဘူးဗျ”ဟု ပြောသည်။

တပ်စုနှင့်တပ်ခွဲမှူးပါ ​သေဆုံးသည်ဟု သတင်းထွက်​ပေါ်​နေ​သော်လည်း မိုက်ကယ်ဒိန်းဂျားဟု​ခေါ်​သော စစ်​ကြောင်းမှူး​သေဆုံးသည်ကိုအတည်ပြုနိုင်​ကြောင်း၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းမှူးဆိုတဲ့ မိုက်ကယ်ဒိန်းဂျား မသေခင် မြင်းမူဘက်က ကုသိုလ်ဖြစ်ရေအိုးစဉ်မှာ – ပြည်သူ့ကာကွယ်ရေးတပ်တွေ လုပ်နေပီးတော့ ငါတို့ဝင်လာတဲ့အချိန်မရှိတာဘာလို့လဲဆိုတဲ့အကြောင်းရယ် စစ်မတိုက်တတ်ရင် မတိုက်ကြနဲ့ဆိုတာရယ်၊ မယ်စုသားသမီးတွေ စသဖြင့် ပုဂ္ဂိုလ်ရေးအမုန်းစွဲနေတဲ့ စာသား တစ်ချို့ကို (ပုံ မိုက်ကယ်ဒိန်းဂျား)ဆိုပြီးရေးသွားတဲ့ အဖြစ်ပျက်လေးတွေလည်းရှိခဲ့တယ်ဗျ”ဟု အထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

ထိုအပြင် အဆိုပါစစ်​ကြောင်းမှူးသည်PDF ကို PTS ဟုလည်း​ရေးကြောင်းလည်းသိရသည်။

အကြမ်းဖက်စစ်တပ်သည် မင်းရွာရှိ အိမ်ပေါင်း ၃၅၀ ကျော် ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း၊ ထို့အပြင် သေဆုံးအကြမ်းဖက်စစ်သားများကိုပါ မီးရှို့ခဲ့သည့်​နေရာ ၃၊ ၄ ​နေရာ​တွေ့ရကြောင်းလည်း BRTF တာဝန်ရှိသူက ပြောသည်။

မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF
မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF

“သေဆုံးစစ်ခွေးတွေကို နွားစာတိုက်ထဲထည့်ရှို့သွားတာများတယ်။ပြီးတော့ ရွာလယ်ခေါင်မှာ တစ်နေရာ ၊ရွာရဲ့ အနောက်စွန်းမှာ တစ်နေရာ ၊င်္သချိုင်းနားက မီးရှို့ခံရတဲ့ အိမ်သုံးလုံးထဲမှာ စစ်ခွေး လေးလောင်းလောက်လို့ယူဆရတဲ့ အရိုးပြာတွေတွေ့တယ်” ဟုBRTF မှတာဝန်ရှိသူက​ပြောသည်၊

​သေဆုံးစစ်သားအ​လောင်းများကို သြဂုတ်လ၄ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား၆၄ ဦးပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် အရာတော်မြို့နယ် မင်းရွာသိုစစ်ကြောင်းထိုးလာစဉ် မင်းရွာနှင့် ရသာရွာကြားတွင် ဒေသခံတော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မင်းရွာအဝင်တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၆ ရက်နေ့ နံနက်၆နာရီခွဲတွင် မင်းရွာအား ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ပြန်လည်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။ထို​ကြောင့် ရွာကို ​ဒေသခံပြည်သူ့ကာကွယ်​​ရေးတပ်များကပြန်လည်စိုးမိုးထားနိုင်ပြီဟုသိရသည်။

ယနေ့သြဂုတ်လ၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ၃ရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲကြီးတိုက်ထား၍ ပြည်သူများက လက်နက်ခဲယမ်းအတွက်အကူအညီ​ပေးကြရန်လည်းလည်းBRTF က​မေတ္တာရပ်ခံသည်။

“စစ်ကောင်စီဘက်ကလေယာဉ်ကော လက်နက်ကြီးကော မြေပြင်ကောထိုးတာတောင် အထိနာခဲ့တဲ့အတွက် ရွာကိုငြိုးပီးပြန်လာမယ်လို့ ကျွန်တော်တို့ အင်အားစုတွေဘက်က ယူဆထားပါတယ်” ဟုတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။